Saturday, October 31, 2020

Turkey Ziinpi

Mangmuhna Laisiangtho kigelhna mun Patmos tuikulh lion ah October 30, 2020 ni 7.0 hat Ziinpi ling.


 

Tuesday, October 20, 2020

Amazon Seller bangzah om?


 Tulaitak Amazon a vanzuak Seller 2,500,000 om hi.

Kum khat million 1 tungsiah vankhawng 25000 om a, 100,000 tungsiah khawng Seller 200,000 om hi.

Tomkimcing

Thursday, November 28, 2019

ပြန်တင်ပြီ

ဘလောခ်တင်တာ ပြန်စပါတော့မယ်။
 ဘလောခ်ရေးတာ နှစ်နဲ့ချီနားထားခဲ့တာကနေ အခုချိန်ကစပြီးပြန်စလိုက်ပါပြီ။
Facebook ဘက်ရောက်သွားတော့ ဘလောခ်လိုင်းပြတ်သွားတာပါ။

အရင်တုန်းကတော့ ဇီုမီးလိုပဲ ရေးခဲ့ပါတယ်။

ဗမာလို မရေးဖြစ်ခဲ့ပါဘူး။

ကိုယ့်အဝန်းအဝိုင်းလောက်ကိုပဲပေါ့။

အခုတော့ အခြေအနေအချိန်အခါအရ မြန်မာလို စရေးနေပါပြီ။

မြန်မာနိင်ငံမှာ နှစ်ပေါင်း ၇၀ လောက် ဗမာစာကို ရုံးသုံးအဖြစ်သုံးခဲ့ကြတာဆိုတော့ Lingua Franca ဖြစ်နေပါပြီ။

နည်းနည်းပါးပါး ပွင့်လင်းလာတဲ့ အခြေအနေကို လိုက်ပြီး ကျန်တဲ့ ဘာသာစကားတွေကိုလည်း ပြုစုပျိုးထောင်လာနေကြဆဲ အခြေအနေပါ။

လိုပါသေးတယ်။

ဒါကြောင့် ဖြစ်ထွန်းတိုးတက်မှု၊ ဆုတ်ယုတ်မှုတွေကို အများသိရှိအောင် မြန်မာလို အချိန်တပြေးညီ Live Blogging လုပ်ဖို့ လိုအပ်နေပါတယ်။

ဒါကြောင့်မြန်မာလို စပြီး blogging လုပ်ပါတော့မယ်။



Saturday, July 6, 2019

အရှေ့အလယ်ပိုင်းအခြေအနေ

ဇူလိုင်၀၇၊ ၂၀၁၉ ရက်နေ့ကျော်ရင် သူတို့ရဲ့ အနုမြူစီမံကိန်းကို တိုးပြီးလုပ်ဆောင်တော့မယ်လို့ အီရန်နိင်ငံကကျေညာထားပါတယ်။

အစ္စရေးကတော့ အီရန်လက်ထဲကို အနုမြူဗုံး မရောက်လိုစေရဘူးလို့ ကြုံးဝါးလိုက်ပါတယ်။

ဇူလိုင် ၀၅ ရက်နေ့မှာတော့ အီရန်ဘာသာရေးဆရာမူဗာဟေဒီက အစ္စရေးရဲ့ အနုမြူမြို့တော်ဒီမိုနာကို ဒုံးပျံနဲ့ တိုက်ခိုက်ဖို့ အီရန်တပ်ကို တိုက်တွန်းသွားပါတယ်။

Thursday, November 29, 2018

5G



5G ဆိုတာ မိုဘိုင်းကြိုးမဲ့ဆက်သွယ်ရေးနည်းပညာရဲ့ ပဉ္စမမျိုးဆက် ကို ဆိုလိုတာပါတဲ့။

" 5G is the fifth generation of wireless technology."

4G ထက် အဆပေါင်းများစွာ ပိုမြန်၊ ပိုသက်သာမယ်လို့ ဆိုကြပါတယ်။

၂၀၁၉ မှာ စပြီးစမ်းသုံးမှာဖြစ်ပြီးတော့၊ တကယ်စီးပွားဖြစ်အဖြစ်ကတော့ ၂၀၂၀ မှာ စကြမယ်တဲ့။

4G ထက် အဆမတန် မြန်ဆန်ပြီး သတင်းဆက်သွယ်ရေးလောကတခုလုံးကို ဗြောင်းဆန်သွားအောင်ပြောင်းလဲပစ်တော့မှာမို့

" 5G တော်လှန်ရေး။"

လို့တောင် တင်စားကြရတာပါ။

ဆိုးကျိုးဖက်ကကြည့်ရင်တော့ မိုက်ခရိုဝေဖ်တာဝါတိုင်ကြီးတခုလုံးကို ခင်ဗျားဖုံးဆင်းကဒ်ထဲ ထည့်ထားသလို ဖြစ်မယ်တဲ့။

ဘာပဲဖြစ်နေနေပေါ့ဗျာ။

ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ 5G တော်လှန်ရေးကတော့ စနေပါပြီ။

အသင့်ပြင်ထားပေါ့ဗျာ။

Image: Komando

Monday, December 25, 2017

မြန်မာငလျင်


ဒီဇင်ဘာ ၂၃ ရက်ကမြန်မာနိင်ငံမှာ ငလျင် ၃ ကြိမ်လှုပ်သွားပါတယ်။
လှုပ်သွားတဲ့နေရာတွေကတော့:
မို:ကောင်း --------၄.၃
မော်လိုက်---------၄.၆
ကလေး-----------၃.၂
သတိထားရမှာက မိုးကောင်း ငလျင်က စစ်ကိုင်းပြတ်ရွေ့နဲ့ အဆက်အစပ်ရှိပါတယ်။
စစ်ကိုင်းပြတ်ရွေ့ နိုးထလာတဲ့ သဘော ဖြစ်နိင်ပါတယ်။
လေ့လာမှုတရပ်က စစ်ကိုင်းပြတ်ရွေ့ပေါ်က နေပြည်တော်မြို့မှာ ၇.၉ လောက်ရှိတဲ့ ငလျင်ကြီးတခု အချိန်မရွေးလှုပ်နိင်တယ် ဆိုထားပါတယ်။

Wednesday, November 15, 2017

တောင်ကိုရီးယား ငလျင်



တောင်ကိုရီယား မှာ ၅.၄ ရှိတဲ့ ငလျင်တခု ဗုဒ္ဓဟူးနေ့ နိုဝင်ဘာ ၁၅၊ ၂၀၁၇ မှာ လှုပ်သွားပါတယ်။

တောင်ကိုရီးယား မှာ ငလျင် သိပ်မလှုပ်ဖူးဘူးဆိုပါတယ်။ ဒါဟာ သူ့သမိုင်းမှာ ဒုတိယ အပြင်းထန်ဆုံး ငလျင်ဆိုပြီး ယွန်ဟတ်သတင်းဌာနက ဆိုပါတယ်။

တနိင်ငံလုံးမှာ အရေးပေါ် ဖုန်းခေါ်ဆိုမှု အကြိမ်ပေါင်း ၇၀၀၀ ကျော်ရှိတယ်ဆိုပါတယ်။

လူ အသေအပျောက် မရှိပေမယ့် အပျက်အဆီး အတော်များပါတယ်။

တောင်ကိုးရီယား မှာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကစပြီး ငလျင်ဖြစ်ပေါ်စေတဲ့ ဘူမိလှုပ်ရှားမှု seismic activities တွေ တိုးလာတယ်လို့ဆိုပါတယ်။

အနမြူဓါတ်ပေါင်းဖိုတွေ များတဲ့ နိင်ငံအရှေ့တောင်ဖက် ကမ်းခြေက ပိုဟန်း ဝန်ကျင်မှာ လှုပ်တာ လို့ဆိုပါတယ်။

ဓါတ်ပေါင်းဖိုတွေကို စစ်ဆေးနေကြတယ်လို့သတင်းတွေကရေးပါတယ်။

နောက်ဆက်တွဲ ငလျင်တွေ လပေါင်း အတန်ကြာ လှုပ်နိင်တယ် လို့လည်း မိုးဇလဌာနက ပြောပါတယ်။

Photo: TIME

Follow Blog on Facebook

Wal-Mart.com USA, LLC