Wednesday, November 15, 2017

တောင်ကိုရီးယား ငလျင်



တောင်ကိုရီယား မှာ ၅.၄ ရှိတဲ့ ငလျင်တခု ဗုဒ္ဓဟူးနေ့ နိုဝင်ဘာ ၁၅၊ ၂၀၁၇ မှာ လှုပ်သွားပါတယ်။

တောင်ကိုရီးယား မှာ ငလျင် သိပ်မလှုပ်ဖူးဘူးဆိုပါတယ်။ ဒါဟာ သူ့သမိုင်းမှာ ဒုတိယ အပြင်းထန်ဆုံး ငလျင်ဆိုပြီး ယွန်ဟတ်သတင်းဌာနက ဆိုပါတယ်။

တနိင်ငံလုံးမှာ အရေးပေါ် ဖုန်းခေါ်ဆိုမှု အကြိမ်ပေါင်း ၇၀၀၀ ကျော်ရှိတယ်ဆိုပါတယ်။

လူ အသေအပျောက် မရှိပေမယ့် အပျက်အဆီး အတော်များပါတယ်။

တောင်ကိုးရီယား မှာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကစပြီး ငလျင်ဖြစ်ပေါ်စေတဲ့ ဘူမိလှုပ်ရှားမှု seismic activities တွေ တိုးလာတယ်လို့ဆိုပါတယ်။

အနမြူဓါတ်ပေါင်းဖိုတွေ များတဲ့ နိင်ငံအရှေ့တောင်ဖက် ကမ်းခြေက ပိုဟန်း ဝန်ကျင်မှာ လှုပ်တာ လို့ဆိုပါတယ်။

ဓါတ်ပေါင်းဖိုတွေကို စစ်ဆေးနေကြတယ်လို့သတင်းတွေကရေးပါတယ်။

နောက်ဆက်တွဲ ငလျင်တွေ လပေါင်း အတန်ကြာ လှုပ်နိင်တယ် လို့လည်း မိုးဇလဌာနက ပြောပါတယ်။

Photo: TIME

No comments:

Follow Blog on Facebook

Wal-Mart.com USA, LLC