Showing posts with label Burma. Show all posts
Showing posts with label Burma. Show all posts
Monday, April 21, 2014
Saturday, April 19, 2014
Tuesday, April 8, 2014
သံလွင် အနောက်ခြမ်း မိုင်းပန် မြို့နယ်အတွင်း UWSA နှင့် RCSS တို့ ဆက်တိုက် တိုက်ပွဲဖြစ်
Source: www.panglong.org
အင်္ဂါနေ့၊ ဧပြီလ 08 ရက် 2014 ခုနှစ်
သျှမ်းပြည် တောင်ပိုင်း မိုင်းပန်မြို့နယ် (သံလွင် အနောက်ခြမ်း) အတွင်း ဝင်ရောက် လှုပ်ရှားသွားလာ သည့် ၀ တပ်ဖွဲ့ နှင့် သျှမ်းပြည် တပ်မတော် RCSS/SSA တို့ ဆက်တိုက် တိုက်ပွဲ ဖြစ်ပွားနေသည်ဟု ဒေသတွင်း သတင်း ရပ်ကွက်က ပြောသည်။
မတ်လဆန်းပိုင်းကတည်းက သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် သံလွင်မြစ်အနောက်ဘက်ခြမ်း ဟိုပန် ဟိုခိန်းဒေသ (သံလွင်မြစ် စက်တော် ဟန်းဟုန့်ကူးတို့ဆိပ် နှင့် မျက်နှာချင်းဆိုင်) ရှိ ရွှေကျင် လုပ်ငန်းအား လုံခြုံရေးယူပေးရန် သွားသည့် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် အမှတ် ၁၇၁ စစ်ဒေသလက်အောက် ခံတပ်ဖွဲ့နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA တို့ ရင်ဆိုင် တိုက်ပွဲဖြစ်ပွား ခဲ့သည်။
RCSS SSA and UWSA သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA
ထိုစဉ်ကတည်းက ဧပြီ ၆ ရက်နေ့အထိ တပ်အင်အားအပြိုင်ဖြည့်ကာ အထပ်ထပ် ဝိုင်းရံ ပိတ်ဆို့ကြပြီး တိုက်ပွဲများလည်း ပြင်းထန်နေဆဲဖြစ်ပါသည်။
“သူတို့က သံလွင်အရှေ့ ခြမ်းမှာဘဲ လှုပ်ရှားတာလေ။ အခုသံလွင်အနောက်ခြမ်းအထိလာပြီး ရွှေကျင် တယ်။ သစ်တွေခုတ်တယ်။ ပြဿနာမကြီးရအောင် အစိုးရ ဘက်ကိုကော၊ UWSA ဘက်ကိုရော အကြောင်းကြား ထားတယ်။ လတ်တလောအခြေအနေကတော့ တပ်အင်အားအပြိုင်ဖြည့်နေတယ်” - ဟု အမည်မဖေါ်လိုသည့် ဒေသအတွင်း RCSS အရာရှိတဦးကပြောသည်။
“အဖွဲ့ရဲ့ ရွှေကျင်လုပ်ငန်းကို လုံခြုံရေးယူဖို့သွားတာပါ၊ သံလွင်အနောက် ဘက်ခြမ်း မြစ်ကမ်းပေါ်မှာဘဲ။ တပ်စခန်းကြီး တည်ဆောက်တာလည်းမရှိပါဘူး၊ RCSS ဘက်က အရင်လာတိုက်လို့ ကျနော်တို့လည်း ပြန်ချရတာပေါ့” - ဟု ၀ အရာရှိတဦးကလည်းပြောသည်။
ထိပ်တိုက်ရင်ဆိုင်မှုများကြောင့် မိုင်းကျွတ်ဘက်မှ ဝ တပ်များလည်း ယမန်နေ့က စစ်ကား ၁၀ စီး ထက်မနည်း လူသူလက်နက်များ ထပ်မံပို့ဆောင်သည်ဟု သိရသည်။
၁၉၉၀ နှောင်းပိုင်းက သံလွင်အရှေ့ခြမ်း တာချီလိတ်ခရိုင်၊ မိုင်းဆတ်ခရိုင် ထိုင်းနယ်စပ်တလျှောက် နယ်မြေများအား ခွန်ဆာဦးဆောင်သည့် MTA တပ်ဖွဲ့ထံမှ တိုက်ယူနိုင်သမျှ အပိုင်ပေးမည်ဟု န၀တ (ဒု)စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမောင်အေးက ကတိပေးပြောကြားခဲ့သောကြောင့် တရုတ်နယ်စပ်နေ ဝ တပ်ဖွဲ့များ အင်အားအလုံးအရင်းဖြင့် တောင်ဘက်ပိုင်းသို့ ဆင်း၍အခြေချနေထိုင်ခဲ့သည်။ ၁၉၉၆ MTA တပ်ဖွဲ့ မြန်မာစစ်တပ်ထံ လက်နက်ချလိုက်သောကြောင့် MTA တပ်စခန်းနေရာအား ဝ တပ်ဖွဲ့က ဝင်ရောက် နေရာယူခဲ့သည်။ ထို့နောက်ပိုင်း ဝ စစ်သည်များ၊ မိသားစုများ တသိန်း ထက်မနည်း ထိုင်းနယ်စပ်သို့ ပြောင်းရွှေ့အခြေချကာ တောင်ပိုင်း ၀ နယ်နှင့် မြောက်ပိုင်း ၀ နယ်တို့ တွဲ၍ ပြည်နယ်သတ်မှတ်ပေးရန် မြန်မာအစိုးရထံ အကြိမ်ကြိမ်တောင်းဆိုခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံအရ အပစ်ရပ်တိုင်းရင်းသားတပ်ဖွဲ့များ နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် အစိုးရဖိအားပေးလာချိန် ဝ တပ်ဖွဲ့က လက်မခံသောကြောင့် မြောက်ပိုင်း ၀ နယ် သို့ တပ်ရုပ်ပြန်ရန် အစိုးရက အကြိမ်ကြိမ်ပြန်လည်ညွှန်ကြားခဲ့သော်လည်း ယနေ့တိုင် အထမမြောက်ခဲ့ပေ။
RCSS/SSA မှာမူ MTA လက်နက်ချစဉ် (ထိုစဉ်) ဒုဗိုလ်မှူးကြီးယွက်စစ် ဦးဆောင်သည့် စစ်ကြောင်းက ပါဝင်လက်နက်ချခြင်းမရှိပဲ ကျန်ရှိလူအင်အားစုဆောင်းကာ သျှမ်းပြည်တပ်မတော် SSA (တောင်) အမည်ဖြင့် ထိုင်းနယ်စပ် လွယ်တိုင်းလျဲန်း၌ အခြေချနေထိုင်သည်။ ၂၀၀၁ - ၂၀၀၂ နှင့် ၂၀၀၅ က လည်း လွယ်တိုင်းလျဲန်းဌာနချုပ်အား ဝ တပ်ဖွဲ့ နှင့် မြန်မာတပ်တို့ ပူးပေါင်းပြီး အပြင်းအထန် တိုက် ခိုက်ခဲ့ပါသည်။
လက်ရှိမှာမူ ဝ တပ်ဖွဲ့ UWSA နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA မှာ ဦးသိန်းစိန်အစိုးရ နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးထားသည့် တပ်ဖွဲ့များဖြစ်ကြသည်။
Sunday, May 19, 2013
US Campaign for Burma (USCB) Announcement
Activists from around the US will gather for four protests outside events hosting Thein Sein. The largest rally will be from 10 am – 1 pm at the White House, but we expect a large turnout at all protests:
· Sunday, May 19 – 4pm to 8pm @ Voice of America, 330 Independence Avenue SW (Protest held directly behind VOA on C Street), Washington, DC 20237
· Monday, May 20 – 10 am to 1pm @ White House, Lafayette Park in front of the White House, 1600 Pennsylvania Avenue NW, Washington, DC 20500
· Monday, May 20 – 3pm to 5pm @ John Hopkins University, SAIS School, 1717 Massachusetts Avenue NW, Washington, DC 20036
· Monday, May 20 – 5pm to 9pm @ U.S Chamber of Commerce, 1615 H Street NW, Washington, Dc 20062
President Thein Sein will be the first Head of State from Burma to visit Washington, DC in nearly five decades. But President Thein Sein has not taken any recent steps to investigate allegations of government perpetrated violence, revise laws that condone human rights abuses, or hold anyone accountable for gross violations of international human rights and humanitarian law. Inviting Thein Sein reinforces the message of a positive US-Burma relationship while human rights violations escalate and rampant impunity in Thein Sein’s government is condoned.
Wednesday, January 9, 2013
ABSDF Appeals to Buddhist Monks
Friday, November 30, 2012
Gullu, Letpadaung leh Vietnam Napalm
Tusawng teng Kawlgam Monyua district huam sunga Letpadaung Mual 33 vai so litlit in, tu'n hong puakkham peetmah ta cih i za ciat ahihi.
Letpadaung Mual 33 a siksan ( Copper) teng China company khat tawh kipawl in, Kawl galkap company Myanmar Holding Company in tawh khiat sawm uh a, tua kiim kianga teng mipite kum 3 sung, nektawm ding piapak in, tua khit ciangin tengsak kik ding ci in, khem in hawlkhia uh hi.
Ahihhangin a nungciangin kum 3 sunga ding liau sum hilo a, kum 60 a ding hizaw ci in nung khem uh ahihmanin, mipite lungkimlo in lungphona nei uh hi.
Mipi lungphote Kawl Buddhist pastor siampu te'n va panpih uh a, gambup leh leitung theih phial a panlakna hong kipan ahihi.
Hih thu genlem khawm dingin President Office pan minister Bo Aung Min in va delh in, mipite deihna adot khit ciangin, President kiangah kong gensak ding a, ni 10 khong ciang, kong dawngkik ding uh ci hi.
Ahihhangin ni 10 aci'n ma 29,11,2012 ni zingsang nai 3 kiim in, lungpho camp 6 te kawl galkap leh police in meikuang bomb zangin luh vat uh ahihi.
Tua bang a va luhna vuah Khitui Bomb ( Tears Gas) zanglo in, lamdang leh cikziat huai takin meikuang thei tawh kihelh Chemical Bomb zang uh hi.
Tutunga Letpadaung lungphote liam ma leh, Vietnam gallai a chemical meikuang bomb tuakte liamma kibang lian ahihi.
Vietnam gal lai in Vietnam ah USA in Napalm kici meikuang bomb zang uh a, mi tampi in sih leh liam thuak uh hi. Tua US te Napalm Bomb thuakkha naupangte Video leh Photo, leitungah kehkhia in tua video leh photo mukha peuhmah in USA te samsiat uh hi. US mipi mahmah in zong awilo in, tua a kipan Vietnam ah galleh hong kipan uh kici hi. Vietnam pan ciah galkapte innlam atu'n uh ciangin, US mipi te'n mi bangzah vabuan , naupang leh mipi bang zah va that na hiam? ci in na dong uh a, kuaman pahtawi nuamlo uh ahihi.
Anuai ah video ki en thei hi.
Anuai ah video ki en thei hi.
Tutung a Letpadaung mual lungphote zong anuai ah i taklang hi. KawL Galkap Kumpi in Gullu zong China zuakkhin uh a, asawtlo in hong to bei ta ding uh ahihi. Tuahun ciangin Zomi leh Kawlgilo kumpi ut ta kei leng, kinawk hong kul kha thei ding ahihi. Tua ahihmanin, gam leh lei a hum Letpadaung Mual Movement a kihelte a dingin thungetsak ciat in, i hih theih na tantran pan, panpih a , i thalawh kholh ding hoih ahihi.
Eihun ciangin eilam ah kuamah hong ding pihloh a eiguak i diang gawnggawng khak ding pilvang khol ni.





Saturday, November 17, 2012
Lawmluite laigelh khat.
Imphal leh Lamka lam a kithuahpih ngei, RFA Senior Correspondent Yebawgyi Ko Nyo in Naytthit Journal ah, hih article na gelh dihdih a, kepdinga kong post sawn ahihi. 99 kum kiim khong khat a Kawlgam ah China pan plastic anntang lut kici in, tua thu RFA suak dinga kabawl uh leh, hong suak takpi in, Manipur bup buai uh hi.Manipur in Border Trade tawh Kawlgam pan anntang Ton 10,000 aleisawm lai tak uh hi in, Manipur Assembly buai in Kawl anntang leinawnlo uh hi.
Tua banah Zomite thu RFA pan tamveipi kigensak zel hi.
Plastic Anntang vai a, Kawlgalkap kumpi in India leh Manipur kumpi kiangah, hawlthoh ahihmanin, Ko Nyo Imphal ah om thei nawnlo in, Lamka ah hong galtai in, ka cih uh leh hong tai phei in, ahihhangin Lamka pen phone line hoihlo ahihmanin, Moreh ah va om suk hi.
Moreh ah Moreh Police te'n na man leuleu in, tua thu akizak ciangin, kithuza ngeingai in, Moreh a KNA Town Commander Sasat in, Ko Nyo nakhah kei uh leh police station hong luh ding ka hi uh, acih leh police te'n kong khah ding uh hi, ahihhangin , hehpihna tawh Moreh a hong om kei hen ci uh ahihmanin, Lamka ah hong tai leuleu hi. Tua panin bangbang hi leh Delhi ah va om mai ning ci in, tua kipan Delhi ciahkik hi.
Zogam nasepna a journalist khat tawh kisai khak ngeina ahihi. Article mu dihdih inga anuai a bang ahihi. Tuhun a RFA reporter Khin Maung Soe Min pen ABSDF pan hi in, DVB pan apem ahihi.
RFA te'n appointment apiak ciangin, abeisa a report man khempeuh zong avek apia ahihmanin Rupees 400,000 khong ngah in, Lamka ah hong paiphei in ABSL leh ZRO a Zoheisa teng ka ciak khengkhang uh ahihi.
Anuihzak huai khat ah:
Khawpi siksan a awng awngte pen gamgi thautawi te'n HUIH BUNG kici in, khawpi siksan te'n gamgi siksan thautawite pen thagum suang LUMAIH ci in, ciamnuih leh cihtak in kici zel a, ahihangin ataktak ah kithuah lah kul zel hi. Gamsunga semte pen galkapte bawl bangbang a dawhden uh kul ahihmanin NEELDAWH te( PhinkhaanDwe) kici hi. Ciamnuihna bek mah hi in avek a poimawh vive ahihi.
Ko Nyo laigelh na ciapsak pong un.
မြန်မာသူပုန်တွေကချစ်တဲ့ အိန္ဒိယက မိတ်ဆွေတွေ
November 16, 2012ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယူးဒေလီခရီးစဉ်က မှတ်တမ်းဓာတ်ပုံတချို့တွေ့တော တချိန်တုန်းကကျနော်တို့ မြန်မာ ကျောင်းသားလူငယ်တွေ ခြေရာထပ်အောင် သွားလာလှုပ်ရှားခဲ့တာတွေ ပြန်မြင်ယောင်လာတယ်။ မြို့လည်က နေရူးပန်း ခြံ၊ လိုဒီးဥယျာဉ်နဲ့ မြို့ပြင် ယမုံနာမြစ်ကမ်းနဘေးက ဂန္ဓီကြီးဂူဗိမ္မာန်၊ စတဲ့ ကျယ်ဝန်းပြီး လှပတဲ့ပန်းခြံတွေက ကြုံတဲ့အခါ ဖြစ်စေ၊ တမင်တကာဖြစ်စေ၊ ရပ်ဝေးဧည့်သည်တွေလာလို့ လှည့်လည်ပြသရတဲ့အခါဖြစ်စေ သွားနေကျ၊ ရောက်နေကျ နေရာတွေပေါ့။
လူဦးရေထူထပ်လွန်းပြီး ပြည့်ညှပ်ကြပ်နေတဲ့ တိုက်ခန်းကျဉ်းကျဉ်းလေးမှာ နေထိုင်ပြီး၊ မိုးလင်းကနေ ညအိပ်ရာဝင်ချိန်ထိ ဈေးအော်ရောင်းတဲ့အသံ၊ ကားဟွန်းသံ၊ ဆူညံအော်ဟစ်သံတွေကြားနေရသလို၊ မနက် နေထွက်တာလည်းမမြင်ရ၊ တ နေကုန်ဖုံတွေ၊ အနံ့အသက်ဆိုးတွေ၊ အမှိုက်ပုံမစင်ပုံနဲ့ ညစ်ပတ်တောထနေတဲ့ ဒေလီအနောက်ပိုင်း ဆင်းရဲသား ရပ် ကွက်တွေထဲမှာ ကျနော်တို့ ဆယ်စုနှစ် ၂ ခုလောက် နေထိုင်ကျက်စားခဲ့တယ်။
ဒီနေ့အထိလည်း မြန်မာတွေ အဲဒီလိုရပ်ကွက်တွေမှာ ရှိနေတုန်း။ ဒေလီအခြေချခါစ မြန်မာပြည်ဘွား အိန္ဒိယအနွယ်တွေ အများစုနေတဲ့ ရပ်ကွက် ဂျန်နတ်ပူရီနိဗ္ဗာန် ရပ်ကွက်(Janack Puri,Janack ဆိုတာနိဗ္ဗာန်.. Puri ဆိုတာအရပ်) မှာ ကျနော်တို့တတွေဟာ “တ၀ဂူ” လို့ နာမည်ပေးထားတဲ့ အ၀င်အထွက် တခါးတပေါက်ထဲ၊ ပြူတင်းပေါက်မရှိတဲ့ အိမ်ခန်း ကျဉ်းကျဉ်းလေးထဲ လူ ၁၀ ယောက်လောက်စုပြုံနေကြတာ။ အဲလို.. လေကောင်းလေသန့်မရှိ၊ လူကျဉ်းကြပ်သလို စိတ် လည်းမွန်းကြပ်တဲ့ နိဗ္ဗန်ရပ်ကွက်ကနေ စောစောက ဒေါ်အောင်ဆန်းစုကြည် သူ့ငယ်သူငယ်ချင်းတွေနဲ့ လည်ပတ်နေတဲ့ Lodhi ပန်းခြံတို့၊ Nehru Park တို့ ဂန္ဓီကြီးဂူဗိမ္မာန်တို့ကို တခေါက်တခါများသွားမိရင် စိတ်အမောတွေပြေပြီး လွတ်လပ် ကြည် လင်သွားတယ်။
မြင်ကွင်းတွေက ကျယ်ကျယ်၊ အနံ့အသက်မရှိ၊ ရောင်စုံပန်းနဲ့ မြက်ခင်းစိမ်းစိမ်းနဲ့ လေပြေအေးအေးနဲ့ ဆိုတော့ ဒေလီ မဟုတ်ဘဲ တခြားဥရောပနိုင်ငံတခု ရောက်သွားသလိုမျိုး။ ရေကန်နဲ့ ငှက်ကျေးတွေ၊ ဘဲငန်းတွေကရှိသေးတယ်။ စိတ် အေးလက်အေးနဲ့ လမ်းလျောက်ကြည့်ရှုရင်း၊ ညောင်းရင် မြက်ခင်းစိမ်းပေါ်လဲလျှောင်းလိုက်ပေါ့၊ သိပ်ကိုစိတ်လက်ပေါ့ပါး ငြိမ်းအေးတယ်။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ငယ်ငယ်က သူ့ကျောင်းနေဘက် သူငယ်ချင်းတွေနဲ့ ပြန် ဆုံတော့ စိတ်လက်ကြည်သာစကားပြောဖို့ လိုဒီးပန်းခြံကို ရွေးချယ်ထားတာလားမသိ၊ အဲ..သူတည်းခိုတဲ့ Hotel Palace ကလည်း လိုဒီးပန်းခြံနဲ့နီးသလို၊ နေရူးပန်းခြံတို့၊ မြန်မာသံရုံးနဲ့ သူနေခဲ့ဖူးတဲ့ အက္ကဘာလမ်းနေအိမ်တို့နဲ့လည်း သိပ်ကြီး ဝေးတာ မဟုတ်ဘူး။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ငယ်သူငယ်ချင်းတွေ တွဲရက်ဓာတ်ပုံတချို့မှာ၊ အသားညိုညို၊ အရပ်ပုပု သေးသေးနဲ့ အန်တီမာ ဗီယာနဲ့ သူ့ခင်ပွန်း အန်ကယ်ကာလီကာတို့ကိုလည်းတွေ့ရတော့ စိတ်ကြည်နူးသွားတယ်။ သူတို့ အတွဲက ဒေါ်စု နေအိမ် အကျယ်ချုပ် ကျနေစဉ် တလျောက်လုံး ကျနော်တို့ မြန်မာ့အရေးလှုပ်ရှားသူတွေနဲ့ လက်တွဲပြီး မြန်မာ့အရေး ဟောပြော ပွဲတွေ၊ လှုပ်ရှားမှုတွေမှာ သူ့သူငယ်ချင်းရဲ့ အရည်အချင်းနဲ့ တိုင်းပြည်ပေါ် စေတနာထားပုံတွေ၊ မြန်မာဆန်ဆန် ရိုးရိုး အေးအေး ၀တ်စားဆင်ရင်တတ်ပုံတွေကို သတိတရ ပြောနေကျ။ အန်ကယ်လ် “ကာလီကာ” က သတင်းစာဆရာတ ယောက်.. ဟိုတုန်းက India Express သတင်းစာရဲ့အယ်ဒီတာ၊ နောက်ပိုင်းလည်း နာမည်ကြီးသတင်းစာတွေမှာ တာ ၀န်ထမ်းခဲ့ပြီး မြန်မာ့အရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် အကြောင်း သတင်းဆောင်းပါးတွေ ရေးနေကျ။ ကျနော်တို့ လူငယ် တွေကို သိပ်ချစ်တာ။ တခါတလေ မြို့ထဲက ကျနော်တို့ ရုံးကိုလာရင် ဧည့်ဝတ်ပြုတဲ့ ခုံပေါ်တက်မထိုင်ဘူး။ ဘိနပ်က လေးချွတ်ပြီး ကျနော်တို့နဲ့ တန်းတူကြမ်းခင်းပေါ်ထိုင်ပြီး စကားပြောတာ၊ တလေးတစားဆက်ဆံတယ်။ ကျနော်တို့ ချို့ချို့တဲ့တဲ့နဲ့ နိုင်ငံရေးလှုပ်ရှားနေတာကို စိတ်ဓာတ်မြှင့်တင် အားပေးတယ်။
ကျနော်တို့ကိုတွေ့ရင် လက်သီးဆုတ်၊ လက်ရုံးဆန့်ပြီး နှုတ်ဆက်တာ။ လင်မယား ၂ယောက်လုံး ကျနော်တို့ကို သားသမီး တွေလိုသဘောထား ဆက်ဆံတယ်။ လုံခြုံရေးကြပ်တဲ့ ဒေါ်စုရဲ့ အိန္ဒိယခရီးစဉ်မှာ အိန္ဒိယနိုင်ငံသား မြန်မာ့ဒီမိုကရေစီ မိတ်ဆွေတွေနဲ့လည်း တွေ့ရပုံမရဘူး။ ကျနော်တို့ အရမ်းတွေ့စေချင်တာက အန်ကယ်လ်ဂျော့ခ်ျလို့ ကျနော်တို့ခေါ်ခေါ် နေတဲ့ အရင်ကာကွယ်ရေးဝန်ကြီးဟောင်း မစ္စတာဂျော့ဖာနန်ဒေ့စ်နဲ့ ဆမတာပါတီခေါင်းဆောင် အန်တီဂျာရားဂျိုက်လ် တီး (သူ့ဖခင်က မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံးအိန္ဒိယသံအမတ်အဖြစ် ရန်ကုန်မှာ အတူနေဖူးတယ်)၊ ပြီးတော့ ကျနော်တို့ မြန်မာကျောင်းသားတွေရဲ့ အမေလိုဖြစ်နေတဲ့ အန်တီနန်ဒီတာဟတ်ခ်ဆာ (သူ့ဖခင်က ၀န်ကြီးချုပ်အင်ဒရာဂန္ဒီရဲ့ နိုင်ငံ ရေးအကြံပေး)၊ ပြီးတော့ နိုင်ငံရေးပါတီတချို့က ခေါင်းဆောင်တွေ၊ လူမှုလှုပ်ရှားသူတွေနဲ့ အမျိုးသမီးခေါင်းဆောင်တချို့ ရှိသေးတယ်။ သူတို့နဲ့ ဒေါ်စုတွေ့စေချင်တာက အဲဒီ အိန္ဒိယခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံအပေါ် ဘာအကျိုးတစုံ တရာမှ မမျော်မှန်းဘဲ မြန်မာပြည်သူတွေ လွတ်လပ်စေချင်၊ ဖွံ့ဖြိုးတိုးတက်စေချင်တဲ့ စေတနာသက်သက်ပဲ ရှိကြလို့ပါ။ သူတို့ရဲ့တန်ဘိုးရှိတဲ့အချိန်တွေကို မြန်မာနိုင်ငံအတွက်ဖဲ့ပေးပြီး ဆောင်ရွက်ခဲ့ကြလို့ ဖြစ်တယ်။
ကျနော်ပြောပြမယ်….။
အိန္ဒိယမှာ မြန်မာနိုင်ငံသားတွေကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒုက္ခသည်အဖြစ် ကူညီစောင့်ရှောက်နိုင်အောင် စပြီးလမ်းဖွင့်ဆောင်ရွက်ပေးခဲ့တာ အန်တီဒေါ်နန်ဒီတာဟာတ်က်ဆာ(Nandita Haksar) ဖြစ်တယ်။ သူက လူ့အခွင့်အရေးလှုပ်ရှားသူ၊ အိန္ဒိယဗဟိုတရားရုံး ရှေ့နေလည်းဖြစ်တယ်။ ရှင်းရှင်းပြောရရင် သူပုန်ရှေ့ နေ။ မဏိပူ၊ နာဂ၊ အာသံနဲ့အိန္ဒိယရဲ့ နာမည်ကြီးအစိုးရဆန့်ကျင်ရေးသမား သူပုန်တွေရဲ့ အမှုလိုက်နေသူ။ ကျနော်တို့ မြန်မာကျောင်းသားလူငယ်တွေကို မဏိပူထောင်ထဲကနေထုတ်ပြီး UNHCR အစောင့်အရှောက်နဲ့ နယူးဒေလီမှာ နိုင်ငံ ရေးလှုပ်ရှားခွင့်ရအောင် လုပ်ပေးတယ်။ မြန်မာကျောင်းသား ၂ယောက် လေယာဉ်ပျံပေးဆွဲအမှုကို ပြတ်အောင် လုပ် ပေးတယ်။ ကရင်နဲ့၊ရခိုင်သူပုန် (၃၄) ယောက်ကို ထောင်နှစ်ရှည်ကျနေတာ လွတ်မြောက်အောင် လုပ်ပေးတယ်။ မြန်မာ့ နိုင်ငံရေးသမားတွေ အိန္ဒိမှာထောင်မကျစေဘဲ လွတ်လွတ်လပ်လပ် နေနိုင်အောင် အန်တီနန်ဒီတာကို ဘုရားသခင်က ဖန်ဆင်းပေးထားသလိုပဲ။
၁၉၉၂ လောက် မဏိပူရနဲ့ မီဇိုရမ်နယ်စပ် ဒုက္ခသည်စခန်းကနေ နယူးဒေလီတက်လာတဲ့ ကျနော်တို့ မြန်မာလူငယ်တွေ ၃၀ ကျော်လောက် စုမိတော့ မြန်မာသံရုံးရှေ့မှာ အထိမ်းအမှတ်နေ့တွေဆို သွားသွားဆန္ဒပြတယ်။ ဥပမာလွတ်လပ်ရေး နေ့၊ ပြည်ထောင်စုနေ့၊ ဖက်ဆစ်တော်လှန်ရေးနေ့၊ ရှစ်လေးလုံးတို့ စစ်အာဏာသိမ်းနှစ်ပတ်လည်တို့ ဆိုရင်ပေါ့။ ကျနော် တို့ တတွေ ပိုစတာတွေရေး၊ အ၀တ်နဲ့နဖူးစီးစာတမ်းတွေ အလံတွေလုပ်၊ ခေါင်းစီးတွေပတ်ပြီး ကုလားတွေနဲ့ ဘတ်စ်ကား တိုးဝှေ့လုတက်ပြီး အခု ဂျဝါဟာလာနေရူး နေအိမ်ကို ပြတိုက်လုပ်ထားတဲ့နားကTeen Muti (သူရဲကောင်း ၃ ယောက် ရုပ်ထုရှိတဲ့ ပန်းခြံ) မှတ်တိုင်မှာဆင်း၊ မြန်မာသံရုံးရှေ့ ခွပ်ဒေါင်းအလံကြီးကိုင်ပြီး ချီတက်တော့တာပဲ။ အစောပိုင်းတော့ သံရုံးရှေ့တည့်တည့်ထိ သွားဆန္ဒပြရတယ်။ နောက်ပိုင်းတော့ မရတော့ဘူး။ တိဘက်တွေ တရုတ်သံရုံး ရှေ့ဆန္ဒပြရင်း စိတ်မထိမ်းနိုင်ဘဲ အုတ်နံရံကျော်ပြီး သံရုံးဝန်းထဲကျူးကျော်ပြီး တိဘက်အလံသွားချိတ်ရာကာ သံရုံးရပ်ကွက်တွေ ဆန္ဒပြ ဖို့ခွင့်မပြုဘူး။
ကျနော်တို့ အဲဒီကာလက ဆန္ဒပြရင်၊ ရဲစခန်းကိုတရက်ကြိုခွင့်တောင်းရတယ်၊ ဘယ်အဖွဲ့အစည်းက ဘယ်နှစ်ယောက် လောက်လာပြီး၊ ဘယ်နေရာမှာ၊ ဘယ်သူတွေကို ဘာကြောင့် ဆန္ဒပြမယ်ဆိုတဲ့အကြောင်းပေါ့။ Teen Muti ရဲစခန်းက ကျနော်တို့နေရပ်လိပ်စာ၊ ဖုံးနံပါတ်၊ ဆန္ဒပြမဲ့အချိန်နဲ့အကြောင်းကြားစာကို လက်ခံထားလိုက်တယ်။ ညပိုင်းမှာ ရဲစခန်းက ကိုယ်စားလှယ်လွတ်ပြီး ဆန္ဒပြဘို့ အဲဒီနေရာမှာ ခွင့်မပြုတဲ့အကြောင်း အကြောင်းကြားစာလာပို့တယ်။ ဒါပေမဲ့ ဒါက ရဲစခန်းရဲ့ (မဆလ စကားငှားပြောရရင်) လုပ်ထုံးလုပ်နည်းပေါ့။ နောက်နေ့မနက် ဆန္ဒပြမယ့်အစီအစဉ်အတိုင်း နေရူး ပြ တိုက်ရှေ့သွား၊ ရဲတွေကတုတ်ကြီးတွေကိုင်ပြီး စောင့်နေမယ်။ ဆန္ဒပြသူတွေ သူရဲကောင်းရုပ်ထုနဲ့ ပန်းခြံအ၀ိုင်းကြီးကို ကြွေးကြော်သံတွေနဲ့ ၂ ပတ် ၃ ပတ်လောက်ပတ်၊ နေရူးပြတိုက်အနီး၊ နက္ခတ်တာရာပြတိုက်နားက သပြေပင်တွေ အောက် သတိဆွဲတန်းစီပြီး နိုင်ငံတော်သီချင်းဆိုမယ်၊ ခွတ်ဒေါင်းအလံအလေးပြုမယ်၊ တယောက်ပြီးတယောက် စစ်အ စိုးရဆန့်ကျင်ရေးမိန့်ခွန်းတွေ ဟောပြောမယ်၊ ပါလာတဲ့ဂစ်တာတွေ၊ ဗုံတိုပတ်စတွေ၊ ဘာဂျာတွေနဲ့ တော်လှန်ရေးသီ ချင်းတွေ၊ ကျောင်းသားတပ်ဦးသီချင်းတွေ တီးမှုတ်သီဆိုပြီး စိတ်ဓာတ်မြှင့်တင်မယ်၊ ကုလားရဲတွေက ဘာတွေဆိုနေ မှန်းမသိတဲ့ ကျနော်တို့ ဂီတသံတွေကိုပြုံးရွှင်ပြီး သဘောတွေကျ၊ ခေါင်းတရမ်းရမ်းနဲ့ သူ့ဖာသာသူခံစားနေလိမ့်မယ်။ မြန်မာသံရုံးကိုလည်း ကျနော်တို့ရဲ့ရာဇသံစာရွက်နဲ့ တောင်းဆိုချက်တွေပါတဲ့ (ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအ ကျဉ်းသားတွေ ချက်ချင်းလွှတ်၊ ၁၉၉၀ ရွေးကောက်ပွဲရလဒ် အကောင်အထည်ဖော်၊ အတုအယောင် အမျိုးသားညီလာခံ ဖျက်သိမ်းပေး ဘာညာပေါ့။ ရဲကားနဲ့ ကျနော်တို့ ဆန္ဒပြကိုယ်စားလှယ် ၅ ယောက် သံရုံးလွှတ်ပြီး စာသွားပို့ (သံရုံးက လည်း ဘယ်တော့မှလက်မခံ)၊ သံရုံးရှေ့မှာလည်း ကမ္ဘာမကြေဘူး တော်လှန်ရေးသီချင်းတွေဆို၊ ကြွေးကြော်သံတွေ ဟစ်ပေါ့။ အဲဒီ န၀တ၊ နအဖ ကို ရှုံ့ချ၊ ကြွေးကြော်သံတွေအော်ဟစ်ပြီး.. ဆန္ဒပြပွဲကိုရုတ်သိမ်း။ ရဲတွေက လက်ဆွဲနှုတ် ဆက်သူတို့လည်း၊ တာဝန်ပြီးလို့ပျော်၊ ကျနော်တို့လည်း ဘတ်စ်ကားတိုးဝှေ့စီးပြီး အိမ်ပြန်။
တနေ့ ကျနော်တို့ဆီကို အိန္ဒိယအမတ်ဟောင်းတယောက် (မီးရထားဝန်ကြီးဟောင်း) ဂျော့ဖာနန်ဒေ့စ်က မြန်မာသံရုံးရှေ့ သူ့ပါတီဝင်တွေဆန္ဒပြမှာမို့ လာရောက်ပူးပေါင်းဖို့ ဖိတ်တယ်။ ကျနော်တို့တတွေသွားတယ်။ အိန္ဒိယအောက်လွှတ်တော် အမတ်မို့လားမသိ မြန်မာသံရုံးနားထိ ချီတက်ဆန္ဒပြခွင့်ရတယ်။ သူက ပြည်သူ့ဆန္ဒနဲ့ရွေးကောက်ပွဲကို ပစ်ပယ်တာ၊ ခေါင်းဆောင်တွေကို ဖမ်းဆီးတာ၊ လူ့အခွင့်အရေးချိုးဖောက်တာတွေကို မာန်တွေအားတွေခံစားမှုတွေထည့်ပြီး ပြော ဟော သွားတယ်။ နောက်မှ သူ့အကြောင်းသိရတာက သူဟာ ဘယ်နိုင်ငံသားပဲဖြစ်ဖြစ် လူတဦးတယောက်ရဲ့ လွတ်လပ် မှုနဲ့ ဒီမိုကရေကိုအထိအပါးမခံဘူး ဆိုတာပဲ။ တိဘက်လူမျိုးတွေဆိုရင် သူ့ကိုသိပ်ချစ်ကြ၊ ရိုသေလေးစားကြတယ်။ သူ ဟာ ပညာတတ်၊ မိဘမျိုးရိုးချမ်းသာတဲ့ အသိုင်းအ၀ိုင်းပေမဲ့ ဆိုရှယ်လစ်ဝါဒကို ယုံကြည်ပြီး အခြေခံပြည်သူတွေ အခွင့် အရေးအတွက် တိုက်ပွဲဝင်လေ့ရှိတယ်။ ၀န်ကြီးချုပ်အင်ဒရာဂန္ဒီ လက်ထက် ပန်ဂျပ်ပြည်နယ်က ရွှေကျောင်းကြီးအရေး အခင်းမှာ နိုင်ငံတ၀ှမ်း အရေးပေါ်အက်ဥပဒေထုတ်တော့ အန်ကယ်ဂျော့ခ်ျဟာ သူ့အဖွဲ့တွေနဲ့ သူပုန်ထခဲ့တယ်။ ဖိနှိပ် တဲ့ အရေးပေါ်ဥပဒေကိုဖျက်သိမ်းပေးဘို့ တောင်းဆိုတယ်။ နောက်ပိုင်း သူဟာ နိုင်ငံရေးလောကမှာ Dynamic Leader (လှုပ်ရှားတက်ကြွမှု အားကောင်းပြီး၊ နိုင်ငံရေးမှာ ဖောက်ထွက်နိုင်စွမ်းရှိသူ) တယောက်အဖြစ် အိန္ဒိယနိုင်ငံရေးလောက မှာ ထင်ရှားခဲ့တယ်။ နောက်တော့ ကာကွယ်ရေးဝန်ကြီးတောင် ဖြစ်လာတယ်။ သူနဲ့ပေါင်းမိတာ ကျနော်တို့ ကံကောင်းခြင်း လက်ဆောင်တွေရခဲ့တယ်။
အဖြစ်က ဒီလို…။
ဒေလီကို နယ်စပ်ဒုက္ခသည်စခန်းမှာ အတူနေထိုင်ဖူးတဲ့ ပန်ချီစစ်ငြိမ်းအေး ရောက်လာတယ်။ ကျနော်တို့နဲ့ အတူနေရင်း၊ ပန်းချီပြပွဲတခုလုပ်ကြဖို့ အန်တီနန်ဒီတာက အကြံပေးတယ်။ လိုအပ်တဲ့ ငွေကြေးတချို့ထောက်ပံ့တယ်။ နိဗ္ဗာန်ရပ်ကွက် က တ၀ဂူလေးမှာ ကိုစစ်ငြိမ်းအေးက စစ်တိုက်သလို ပန်းချီဆွဲတယ်။ ပန်းချီကား ၂၀ ကျော် ထားဘို့နေရာ အခက်အခဲရှိ တယ်။ အခန်းကိစ္စပြဿနာကို အန်ကယ်ဂျော့ခ်ျဆီ ချည်းကပ်တယ်။ ပထမ “ပန်းချီကားတွေထားဖို့ နေရာအခက်အခဲ ရှိတယ်၊ ကူညီနိုင်မလား” “ယူလာခဲ့ ငါ့ဆီလာထား”၊ “ပန်းချီဆရာ ပန်းချီဆွဲဘို့ နေရာကျဉ်းတယ်”၊ “ငါ့ဆီလာနေ”၊ ဒါနဲ့ နောက်တဆင့်တက်တယ်။ “ကျနော်တို့ အလုပ်လုပ်ရတာမြို့နဲ့ဝေးတယ်၊ အဆင်မပြေဘူး”၊ “ငါ့ ရုံးခန်းတခန်းကိုသုံး”၊ အန်ကယ်ဂျော့ခ်ျက အဲလို၊ ကျနော်တို့ ဘာလိုတယ်ဆိုတာ သိတယ်။ မငြင်းဘူး၊ တောင်းတာအကုန်ပေးတယ်။ ဒီလိုနဲ့ ကျနော်တို့ ကျောင်းသားရုံးလေးကို ၀န်ကြီးတွေနေတဲ့ VIP ရပ်ကွက်မှာ ဖွင့်ထားတယ်။ ဒေလီက၀န်ကြီးတွေအိမ်ဆိုတာ ၀န်းခြံကြီးတွေ၊ ပန်းဥယျာဉ်တွေနဲ့ အကျယ်ကြီး။ ဒေါ်အောင်ဆန်းစုကြည် နေသွားတဲ့ အက္ကဘာ ၂၄ နေအိမ်လည်း ထို့ အတူပဲ။ အန်ကယ်ဂျော့ခ်ျခြံကကျယ်တော့ နောက်ပိုင်း နိုင်ငံရေးအခမ်းအနားတွေသာမက၊ ကိုယ့်လူတွေ မင်္ဂလာဆောင် တောင်ခြံထဲမှာ ပွဲလုပ်ကျင်းပကြတယ်။ အန်ကယ်ဂျော့ကတော့ ကျနော်တို့ ဘာလုပ်လုပ်အားပေးတယ်။ သူ့အိမ်ဟာ မြန်မာသူပုန်တွေအတွက် တခါးမရှိ၊ ဓားမရှိ၊ လွတ်လပ်စွာဝင်စေထွက်စေပဲ။ တကယ်လည်း အန်ကယ်ဂျော့ခ်ျရဲ့ ခရစ္စခ်ျ နားမီနွမ်လမ်း၊ ခြံအမှတ်(၃) ဟာ တံခါးလုံးဝမရှိတဲ့အဖြစ်ကို ရောက်ခဲ့တယ်။ ဖြစ်ပုံက…
တနေ့ဝန်ကြီးချုပ် နာရာဆင်မာရာအိုဝ်(သူ့လက်ထက်မှာ မြန်မာနဲ့အရှေ့မျောမူဝါဒ် Look East Policyချမှတ်ပြီး စစ်အစိုး ရနဲ့ ဆက်ဆံရေးလုပ်) အဲဒီလမ်းကဖြတ်ဖို့ကိစ္စ ရဲတွေက လမ်းပိတ်ထားတယ်။ ဂျော့ဖာနန်ဒေ့စ်က ပါလီမန်သွားဖို့ အချိန် ကပ်နေပြီ၊ သူ့ခြံတခါးကို ရဲက ပိတ်ထားလို့ သူ့ကားထွက်ခွင့်မရဘူး။ ၀န်ကြီးချုပ်ကားလည်း ထွက်ပြီးရော သူ့ခြံတခါးကို လုံခြုံရေးရဲက ဖွင့်ပေးတယ်။ ဒါနဲ့ အဲဒီနေ့ညနေမှာပဲ သူ့ခြံတခါးကြီးကို အလုပ်သမားတွေနဲ့အတူ ဖြုတ်လိုက်တယ်။ “ငါ့ခြံထဲ အားလုံးဝင်လို့ရတယ်၊ ခြံတခါးမလိုဘူး” တဲ့။ နောက်ပိုင်း ကာကွယ်ရေးဝန်ကြီးဖြစ်တော့ အိန္ဒိယ သတင်းစာတ စောင်က မြန်မာသူပုန်တွေကို၊ အိန္ဒိယကာကွယ်ရေးဝန်ကြီးက နေအိမ်မှာခိုလှုံခွင့်ပေးထားကြောင်းတောင် ထည့်ရေး တယ်။ အန်ကယ်ဂျော့ခ်ျကလည်း ပြတ်သားတယ်။ “သူတို့ နိုင်ငံဒီမိုကရေးအတွက် တိုက်ပွဲဝင်နေတဲ့ မြန်မာဒုက္ခသည် ကျောင်းသားလူငယ်တွေကို၊ အိန္ဒိယအစိုးရက အာလူးတလုံးတောင်မှမပေးလို့ ငါက နေစရာပေးထားတာ” လို့ ပြန်တုန့်ပြန်တယ်။ အန်ကယ်ဂျော့ခ်ျက အဲလိုလူစား။
အခုတော့ အန်ကယ်ဂျော့ခ်ျကြီးလည်း ကျန်းမာရေးမကောင်းရှာဘူး၊ အိုမင်းရင့်ရော်နေပြီး မှတ်သားဉာဏ်တွေတောင် သိပ်မကောင်းတော့ဘူးလို့ ကြားတယ်။ သူတင်မကဘူး၊ ကျနော်တို့တတွေနဲ့ မြန်မာ့ဒီမိုကရေစီရေးအတွက် အကျိုးမ မျော်ဘဲ ကူညီအားပေးခဲ့တဲ့ အိန္ဒိယမိတ်ဆွေတွေတော်တော်များများ အိုမင်းရင့်ရော်သွားကြပြီ၊ နှစ်တွေကလည်း မနည်း ကိုး။ တချို့ကွယ်လွန်ကုန်ပြီ။ ဓာတ်ပုံထဲက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆုံတွေ့တဲ့ အိန္ဒိယမိတ်ဆွေတွေလည်း ဟိုးတုန်း ကလို နုပျိုမနေတော့ဘူး။
“ကျနော်တို့ ဒီမိုကရေစီရရင် မြန်မာပြည်အလည်ခေါ်ပြီး လှည့်လည်ပြသမယ်” လို့ တချိန်တုန်းက ရီရီမောမောနဲ့ ပြောခဲ့ တာလေးတွေကို သူတို့လည်း မေ့မှာမဟုတ်ဘူး။ ဒါပေမယ့် ကျနော်တို့ကိုယ်တိုင်လည်း မပြန်နိုင်သေးဘူး။ မြန်မာပြည် ဒီမိုကရေစီရပြီလို့လည်း ပြောလို့မရသေးဘူး။ သူတို့တတွေ မတိမ်းပါးခင် ဗမာပြည်အလည်ခေါ်ချင်လိုက်တာ။
ကိုညို (အော်စလို)
၁၆နိုဝင်ဘာ၂၀၁၂။
Saturday, October 20, 2012
Thursday, October 11, 2012
Full Interview : Thein Sein leh BBC Hardtalk ( Zolai)
BBC Hardtalk program in Thein Sein sungkua tampi October 2, 2012 ni in hawkkhia zo cih i muh ciat ahihi.
Nunga i gelh maban teng Number 12 pan i zomsuak ahihi.
Tua BBC Interview a dotna leh dawnna poimawh mahmahte tangpi tangta theih dingin, anuai ah a khilkhil in i gelh kik hi.
- UNO khawmpi ah ka gam uh kikhelna bawl ta ci ve cin, nanglah Kawlgalkap Ukcip pawl ah za lian mahmah ngei khat lah hi vecin, bangin hih kikhelna lungsim hong gua'n hiam? Tuabel ko ut hilo in, mipite deihna ka zuih uh kul in, tua hang hi. Tua banah mipite teel ka hih ciang vua, mipi deih bangbang kasep uh kul hi.
- Tu'n Aung San Suu Kyi tawh kipawl ta na hih manun, amah kum 20 dektak a inn ah na khumna uh leh, mi tul tampi na khumcipnate uh tawh kisai, Kisikkikna leh thumna na gen khin uh hia? Mipi te'n kikhelna atawp dong bawl taktak ding maw, cih leh na bawlsiatnate uh tawh kisai kisiik ung cih kammal za nuam uh hi. Bang ci nasa a?.Tuabel ko upna tuak a sem ka hihmanun, kisiklo hi ung. Leitungah zong hidaan tampi om hi.
- Kong dot hong dawng kei cin, Kawl Galkap Kumpi in mipite sawtpi na bawlsiatna uh tawh kisai na Ki sik ta uh hia? Kisiik kei ung, tu'n amau deih mah sepsak ta ka hih man un, kisiik sese kullo hi.
- Tunai a UNO Khawmpi ah Aung San Suu Kyi pahtawina gen hi teh, tuaban ah tunai in USA a kimuhna tawh simleng 3 vei kimu ta hi uh teh. Aung San Suu Kyi in USA a a genna ah, Ka gam uh pen kikhelna kipan ta hi. Ahihhangin kikhelna taktak bawl ding bel tampi omlai ci hi. Kikhelna taktak atawp tan bawl ding na sawm taktak uh hiam? Sawm sam mah hang ee, ahihhangin ko pawl pen kum 1 val deuh hi pan in, sep ding tampi om lai mah hi.
- Constitution puah ding tawh kisai bang ci'n na ngaihsun hiam? Gentehna in Constitution ah gamdang mi tawh kitengte Kumpi suak theilo ding cih bang kihel hi. Constitution pen kei mimal thu a ki puah theilo hi.
- Tua bel ke'n zong thei lua ing. Nang mimal thu in bang ci'n na ngaihsun hiam? Den a ka gen mah bangin Constitution puah ding pen, Parliament sunga palaite leh mipi a thukim uh kul ding hi.
- Nang mimal mahmah in tunai a UNO khawmpi ah hita leh, USA ah hita leh, Aung San Suu Kyi Nobel Prize ngah angtang pih ci in gen hi teh. Aung San Suu Kyi pen Kawlgam a ding makai hoih khat suak thei dingin na um hiam? Ka gen sasa mah bangin na khempeuh mipi ah kinga hi. Tu'n zong amah tawh khut kilen kikai in ka om uh hi. Mipi deih nana pen ka nial nang omlo hi.
- Tukum April kha awnghu kiteelna by-election ah NLD in zo hi. Tua ahihmanin mipi te'n deih peuh leh Aung San Suu Kyi president suak thei ding na cihna hi pah hiam? Tua pen awnghuk kiteelna bek hi in, tua tawh kikhensat theilo ding hi. 2015 kiteelpina bek in khensat thei ding hi. Tua ah zong a gualzo uh zongin, Constitution a kipuah kei leh, Aung San Suu Kyi kumpi suak thei tuanlo ding hi.
- Nang nong kah ciangin galkap luliik lui khat na hih hangin, kikhelna tampi hong om in, mi tampi in zong lamdang sa uh hi. Ahihhangin tulai tak Constitution in Kawlgalkapte thuneihna tampi pia lai, neisak lai hi. Gentehna bangin Parliament Innpi ah palai 25% lacip uh hi. Maban ah hih zong ee, na piakhia uh dia? Tua zong pen Constitution mah siksan a puah theih ahihi. Ahihhangin Kawlgam leh Kawl tangthu en ciangin, Gam Vaihawmna ah Kawlte kipaikhia theilo hi. Tua hanga gam kimakaihna ah Kawl Galkap thuneihna kisawh ahihi.
- Tua pen ke'n zong thei lua ing. Kei kong dot nop pen, politics bek hilo in, mipi nuntak khawsak vai zong huam ahihi. US thukan pawl lianpi khat ahi Central Intelligence Agency- CIA te telsuina leh kancianna ah, Kawlgalkap Luliik teng leh anungzui sawltak tengin gam hauhna leh leisung leipua van teng ( Natural Resources) khempeuh, amau khutsungah lencip hi ci in, CIA report ah kigelh sinsen hi. Tuate khong ee a kikhel ta dia? Tua pen diklo hi.
- Diklo tak pi maw? Ahihhangin atak ah enleng Leisung Sumpiang teng anei aluah teng, Dol leh Singtak tawh ahauhlawh teng, ann leh khaikungte cinna lo leh huante zai pipi aneite , tuate a ki-et ciangin, Kawlgalkap leh aciangkhut te vive cih kimu khia hi. Tuabang hi khin samlo hi. Hehe,huhu,hihi ( Nui piilpial pong hi) Leisung Sumpiangte tawhkhiatna leh zuakmangna ( Mining) ah bel, Myanmar Army leh company te'n nekhawm zek mah ung. Ahihhangin Galkapte bek in kazat uh hilo a, gam budget ah kipia hi. Galkap te'n asep daan ahuh leh lamkak bek hi ung ee.
- Abeisa kum 20 val sung i et ciangin, no Myanmar gam in China tawh makhawh khawm ( Strategic Partnership) cih ki mu hi. Tutunga USA na hawhna ah US tawh sumbawl khawm ding lam lim phut mahmah ve ci'n, China nusia a US leh nitumnalam gamte tawh loma thak khat zuat sawm na hi uh hiam? Tuabang hilo hi. Ko kawl te'n leitung gam khatpeuh nisuahna , nitumnalam cih bangin khentuamlo a, gam khempeuh tawh kizopna limtak nei ding ci in, lungpi ka khualna uh hi zaw hi.
- Tutunga nong zinna tawh kisai mailam ah US leh nitum gamte tawh limtak kizom ta ding na cihna uh hiam? Himah hi, mailam ah limtak kizopna nei suak ding ka sawm uh hi. Abeisa kum 20 valin bel kizopna kician omlo hi, ahihhangin tu'n bel Ambassador koih tuak ding tan dinmun tungta hi.
- Tulai in China vanhawmna phualpi Beijing khawpi ah, Myanmar gam leh nitumnalamte kizopna tawh kisai, a patau hon khat om hi. Tua banah hun beisa sawt lua nailo khat in, Irrawaddy Dam khawl kik sak pak hi teh. Hi thu teng hangin Myanmar-China kizopna sia zo dingin na um hiam? Irrawaddy Dam khawl sak kik pakna ahang pen, China Govt. in zong hong theihsiam sak hi. Hi bang thu tuamtuam hangin, China-Myanmarian kizopna asiat nang bang mah om tuanlo hi.
- Nang makaih vaihawm pawl leh nang mimal mahmah in, kikhelna bawl nuam na hihlam uh limtak ka thei uh hi. Nang mimal mahmah in zong kikhelna deih cih kong thei uh hi. Tua tawh kitonin mipi te deih khat ahi, abeisa mi tulsawm tampi na khumcip leh bawlsiatnate uh, leh za tampi sim ( Tul tampi zong hi thei) te'n asih lawhna uh tawh kisai, mawhpuakna na lak sawm uh hiam? Ka cihnopna in abeisa a diklo tak a thuakte tawh kisai , kancian kikna leh thudik tangsak kikna na neih sawm uh hiam? Mipi te deihna bel gam leh lei in muanna leh bitna a om ding cih ahihi. Independence ka ngah vua kipan, ka gam vuah kilemna leh muangna om ngeilo hi.Tua tawh kituaka ko kumpi te'n na kasep uh ahihi. Tuamah bangin abeisa a galkap kumpi in zong mipi bit nang mah ngimna tawh na asep uh hi lel ahihi.
- Ahihhang in DIKNA ( Justice) tawh kisai ee, athuakha te'n dikna tanh khuan neilo hiam? Dikna tawh kisai thukhensat taktak ding pen, mipite thukhensatna ah ki nga hi ( Khui sa kawm hi).
- Nung kal sungin thudik deih man a khumcip thuak khenkhat khakhia uh hi teh, abeisa in zong tampi khahkhin hi uh teh, ahihhangin Human Rights kipawlna tampi te'n khumcipmi tampi omlai ci uh hi, khumcipmi khempeuh avek vua na khah gaih sawm takpi uh hiam? Akhahhuaite bel khahkhah hi ung, adiakin mawhna lian lualote sitcianin ka khahkhah ta uh hi. Ahihhangin, kumpi galvan tawh dokikte leh bomb sukhamte, mawhna lian ( Crime lian) te bel khahlo hi ung. Gamdang ah zong kumpi te'n hibang mah in sem uh hi.
- Den a i genkhawmna ah BITNA ( Security) tawh kisai gen hi teh, tuahun ah na gam uh pen independence na ngah vua kipan bitna leh muangna omlo hi na ci hi. Tua tawh kisai kong dot nop ah, tulai in ataktak ah Human Rights Watch kihelin, rights group tuamtuam in na gamgi lam teng vuah, adiakin Kachin gam ah, Myanmar army in kuamah awlmawhlo in gamtang ziahizah uh a, Kachin leh mualmi numeite buan, khuate hal, mipi bawlsia ci in leitungah kiza hi. Nang mahmah in hih gam a kibawl UNO khawmpi ah kilemna leh bitna ka gam vuah ka tu'n ding ci in, zan deuh mahmah in gen hi teh. Tua ahihmanin, tulai a na gamvua gal omna munte ah ,Myanmar Army in na gen banglo a sepnate uh, kikhel ta ding na cihna hiam? Kei mahmah pen Myanmarian Army ah General ( Boshokegyi) ciang sem ngei khat ka hihi. Den a kigen na cih mualmi numeite Kawl te'n buangawp cih leh mualmite thatgawp cih pen diklo hi. Ko Myanmar Army in daan ( Law) nam nih ka zuih uh kul den hi. Tua dann 2 te ahih leh Mipi Daan ( Civil Law) leh Galkap Daan ( Military Law) te ka zui den uh ahihi. Myanmar Army pen discipline nei mahmah Army khat ka hi uh hi. Tua ahihmanin den a kigente pen Mualmgamte ngawhna mawkmawk bek ahihi. Tuabang peuhmah in gamtalo hi ung.
- Tulai gam liante leh leitungin a lung hihmawh thu khat kong dong nuam hi. Tukum khawkhal sungin na gam vuah Rohingya tawh kisai buaina lianpi khat piang hi. Numei naupang kihelin mi tampi in si lawh in, tampi liam uh hi. Hih tawh kisai in Mediate pan ka zakna vuah, nang President Thein Sein in Rohingya pen ka gammi uh hilo hi, tua ahihmanin, Refugee Camp ah apai gaih ding uh hi. Avek vua hawlkhiat gaih ding hi, gammi in ka pom kei uh ci hi teh. Hih tawh kisai bang na gen nuam hiam? Tanglai British hun a kipan lo leh na tuamtuam sem dingin, hong kuan uh a ciah kik zel uh hi. Amaute pen milip khang hat mahmah uh hi. Galpi II ma a hong lutte suan leh khak khang 3 nate bel Citizenship gammi hih theih nang thukhun leh daan zong om sa ahihi. Tualo a hong guklutte bel dalkhuan ka nei uh hi. Ahihhangin UN leh Media te gen bang zeen a, Rohingya khempeuh hawlkhiat gaih ding ci in bel gen ngeilo hi ing. ( Thein Sein leh Ko Ko Gyi te'n genngei uh a, leitung laukik uh a, akhiapkik uh ahihi.)
- Hihvai tawh kisai pen UN luliik tampi leh leitung makai tampi in lim gen mahmah uh hi. Hihmun ah kong theihsak nop khat ah, Democracy taktak ( Genuine Democracy) ah nunghei nawnlo in, ka kalsuan ta ding uh hi, ci na hihmanin, leitungin na kalsuan daante tawh kisai hong tehna uh piiciangte pen sang mahmah ta hi. Tua ahihmanin, nang gengen kikhelna taktak na cihte pen, no sung adiak in Kawlgalkap bup in kithukim taktak a, hong zui taktak dingun, na um hiam? Hihvai bel hanciam a masawn tohtoh ding hi in teh ( Gencian ngamlo hi)
- Tulai a na dinmun tawh kibang khat om ngei hi. Tua pen USSR President lui Mikhail Gorbachev tawh kibang sa ing. Soviet Union kikhel nang sumsuuipu ( Architech) pen Gorbachev ahihi. Ahihhangin Agam un democracy leh kikhelna teng angah khit ciang, amah pen ki pampaih ziau hi. Nang zong Myanmar in democracy hong ngah taktak khit ciangin, hong ki hemkhia ziau dingin na um hiam? Gorbarchev tawh kibang theilo hi ung, banghang hiam cih leh Kawlgam kikhelna pen, ko ut a ka hih uh hilo a, mipite deihna anung pan zui a, sem toto hi zaw hi ung. Tua ahihmanin kei mimal maban zong pen, mipite deihna tungah kinga zawci inka ngaihsun hi. Eh Hehe.
- Atawpna ah kong dotnop ah, tulai kikhelna kibawl pen nungkik thei nawnlo ( Irreversible) ci hi teh. Tua bang hi ta leh A Bucing Democracy Gam suah nangin, hun bangtan sawt lai ding hiam? Adiakin Myanmarian gam leh gamveng Asia gamte tehkaak leng, a diakin khawsakna ( Econimics) bang diakdiak ah, teh theihnawnlo phial in zekai khin hi uh teh. Bang ci'n nong dawng dia? Democracy taktak ah limtak kalsuan suak zawh nangin, thu 2 kisam ka sa hi. Khatna ah Gam leh mipi in khamuangna leh bitna aneih ding uh kisam hi. Hihmun ah tua pen nam 2 in kikhensawn thei hi. Political Stability kici gamthu gamvaite ah khamunagna a om ding, nihna ah Mualgamte tawh kido kikap khawl a kilem ding. Atawpna ah Gam khawsakna mahmah a kidomkang ding cih te ahihi. Tuabanga kidomkang theih nanga, sumbul ( Capital), Siamna ( Technology) leh Mibul ( Human Resources) mahmah zong kineilo ahihmanin, gamdang pan tampi hong lut theih nang kizol san laitak ahihi. Tua banah Gam khangto taktak nangin pen, gam khangtote khaktan leh gaakcipna ( Sanctions) te zong hong khah kol theih nangin ki thum koikoi in, gam tampi in zong hong khahkol sak ta uh hi. Hibangin theih tantan pan ma kila toto ahihmanin, a AHUN ( Timing) lian ding pen gen khol theilo hi ing.
- President Oo Thein Sein aw, lungdam mahmah hi. Thankyou
- Aih inbited you to bisit my Kaungthee. I would love to come.
Muhdaan kigelh hilo a, Zomi mi malmal in ngaihsutna a om theih nanga ki hanciam hi zaw hi. Tangpi tangta lak ah thu taktak tung mello in i theih nang cihna hi.
Tuesday, September 25, 2012
ABSDF Policy
All Burma Students Democratic Front/ Students Army-ABSDF policy tawh kisai, Chairman Pu Than Khe in Tokyo, Japan ah hilhcianna, September 23, 2012 ni in bawl ahihi.
- Democracy taktak ngah mateng kasem suak lai ding uh hi.
- Federal Union taktak piang masiah kakhawl kei ding uh hi.
- Kawl lak ah akuankhia masa pen ka hih bangun, a ciah nunung pen in ka hi ding uh hi.
- Mualgam teng in kikap akhawl leh bel, ko zong ka khawl ding uh hi.
- 5.1994 kumin KIA in ceasfire alak ciang paikhiat hong kul in, tu'n hong zawnkik ahihmanin, kakuan kik uh a, Kachin gam ah 200 ka pha t kikzo ta uh hi.
- Kawlkumpi in inn hong ciah un, nuntak na ding zong hong vaihawm sak nung cici in hong zawn uh a, tup leh ngim kikumlo pi in, ka mawkciah kei ding uh hi.
- Mimal in kaciah kei ding uh a, ka ciah uh leh zong apawlpi in kaciah khawm liailiai ding uh hi.
Cihteng pi hi pian hi.
ABSDF pen 1988 zawh ciangin a kiphuan hi in, acilin, 20000 khong pha uh a, Kawlkumpi azol kik saisai leh 8000 val ciahkik uh hi. A om lai teng, Kachin, Shan, Karen leh mualgam teng ah kizel uh hi. Karen te'n 8000 khong training pia uh a, galvan zong piak leh kawm uh hi. A Free in 2000 val pia uh hi. Kachin gam ah 2000 val tung uh a, Kachin te'n galvan gua'n uh hi.
Communist Party of Burma in galvan 10,000 piaksawm uh a, tua vai in CPB sunga Kokang leh Wa te lungkimlo a paikhia uh ahihi. Galvan teng Wa leh Kokang te'n tangsuak uh hi.
1992 kumin Dr. Naing Aung leh Moe Thee Zun group kitap banah , 2000 kum Bin Laden in World Trade Center hong phut khap uh ciangin, ABSDF zong Terrorist group ah koih uh a, gak ngei uh ahihmanin, lungkiatna tampi om in, member 2000 ah kiamsuk in, atamzaw USA, Australia leh UK, Canada leh Scandinavian gamte ah paikhia uh hi.
Acianlai 2000 te zong anung ciang Naing Aung leh Moe Thee atawp ciang atamzaw tawp uh a, gamdang ah zui uh hi. 300 khong bek cianlai uh a, Pu Than Khe ( MBBS kum nga 5 na) in kaikhawm kik a, hong kipan kik uh ahihi. Tu'n khangthakte lut kikkik ta in, member kibehlap toto kik ta hi. USA in zong agakna khahkol ta a, leitungbup ut bangin zin ziahziah thei ta uh hi.
ABSDF lui hih mana, Green Card ngah theilo niloh Zomi i om leh na President masa pen uh Tun Aung Kyaw ( Civil Society for Burma) contact un. DC hiam, Maryland hiam, New York khongah om kawikawi hi. Tulaitak Gamsung vavil lai tak hi.
Kawlte lak ah tulaitak mimal in Moe Thee leh apawl in ABSDF bek in Federal gen lai uh hi. Amitma meimuut zel kisam hi.
Friday, September 21, 2012
Monday, April 30, 2012
Monday, October 11, 2010
Burmese Page
အသွင်ကူးပြောင်းရေး မအောင်မမြင်ဖြစ်ရခြင်းအပေါ် KIO နှင့် နီးစပ်သူ ဥပဒေပညာရှင်တဦး၏ လေ့လာသုံးသပ်တင်ပြချက် .
အင်္ဂါနေ့၊ အောက်တိုဘာလ 05 ရက် 2010 ခုနှစ် ဆောင်းပါး - ကချင် သတင်းဌာန .အသွင်ကူးပြောင်းရေး မအောင်မမြင်ဖြစ်ခဲ့ရတာဟာ နအဖ အစိုးရအပေါ်မှာ အဓိက တာဝန်ရှိတယ်လို့ သုံးသပ်မိပါတယ်။ ဘာလို့လည်း ဆိုတော့ စစ်အစိုးရရဲ့ လမ်းပြမြေပုံ (Road Map) အဆင့် (၇) ခုထဲက အဆင့် (၂) မှာ အမျိုးသားညီလာခံကြီးအောင်မြင်စွာ ကျင်းပ ပြီးစီးတဲ့အခါ စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဖြစ်ထွန်းရေးအတွက် လိုအပ်တဲ့ ဆောင်ရွက်ဖွယ်ရာ လုပ်ငန်းစဉ်တွေကိုတဆင့်ပြီး တဆင့် ဆက်လက်ဆောင်ရွက်ခြင်း လို့ အတိအလင်း ရေးသားထားပေမဲ့ အဲဒီ ဒုတိယအဆင့်ကို ဘယ်လို အကောင်အထည်ဖော် ဆောင်ရွက်သွားခဲ့တယ် ဆိုတာကိုတော့ ပြည်သူလူထုကို ပိုမိုတိကျပြီး ရှင်းလင်း အသိပေးခြင်း မရှိခဲ့တဲ့အပြင် ၎င်းတို့နဲ့ အပစ်ရပ်ထားတဲ့ အဖွဲ့အစည်းတွေကိုလည်း ပူးပေါင်း ဆောင်ရွက်ဖို့ တရားဝင် ဖိတ်ကြားခဲ့တာမျိုး မရှိခဲ့တဲ့အတွက် အဲဒီအဆင့် (၂) ရဲ့ ဖြစ်စဉ် (Process) ကို မသိနားမလည် ဖြစ်ခဲ့ရပါတယ်။
Full Story
ဘာကြောင့် သန်းရွှေ အိန္ဒိယ သွားသလဲ
Tuesday, 27 July 2010 17:32 စိုင်းအောင် .မြန်မာနအဖ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဂျူလိုင်လ ၂၅ ရက်မှ ၂၉ ရက်နေ့အထိ ၅ ရက်ကြာ ခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံ သို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံနယ်စပ်တစ်လျှောက် ခိုအောင်းလှုပ်ရှားနေသော အိန္ဒိယ အရှေ့မြောက် သူပုန်များအရေးနှင့် စီးပွားရေးကိစ္စများ ဆွေးနွေးဖွယ်ရှိကြောင်း အိန္ဒိယမှ လာသည့် သတင်းများက ဆိုသည်။
၂၀၀၄ ခုနှစ် အောက်တိုဘာလအတွင်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပထမဆုံးအကြိမ် အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့သေးပြီး အပြန်အလှန်အားဖြင့် အိန္ဒိယဘက်မှလည်း ၂၀၀၆ ခုနှစ် မတ်လတွင် သမ္မတ Dr. APJ Abdul Kalam ကိုယ်တိုင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။
Read all
တိုက်ပွဲ ဖြစ်ပွား၍ စစ်အစိုးရတပ်မှ ၂ ဦး ကျဆုံး၊ ၃ ဦး ဒဏ်ရာ
ကရင်နီပြည် ရှားတောမြို့နယ်တွင် မြန်မာစစ်အစိုးရတပ်နှင့် ကရင်နီတပ်မတော်တို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့၍ စစ်အစိုးရတပ်ဘက်မှ ၂ ဦး ကျဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ Azom
အင်္ဂါနေ့၊ အောက်တိုဘာလ 05 ရက် 2010 ခုနှစ် ဆောင်းပါး - ကချင် သတင်းဌာန .အသွင်ကူးပြောင်းရေး မအောင်မမြင်ဖြစ်ခဲ့ရတာဟာ နအဖ အစိုးရအပေါ်မှာ အဓိက တာဝန်ရှိတယ်လို့ သုံးသပ်မိပါတယ်။ ဘာလို့လည်း ဆိုတော့ စစ်အစိုးရရဲ့ လမ်းပြမြေပုံ (Road Map) အဆင့် (၇) ခုထဲက အဆင့် (၂) မှာ အမျိုးသားညီလာခံကြီးအောင်မြင်စွာ ကျင်းပ ပြီးစီးတဲ့အခါ စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဖြစ်ထွန်းရေးအတွက် လိုအပ်တဲ့ ဆောင်ရွက်ဖွယ်ရာ လုပ်ငန်းစဉ်တွေကိုတဆင့်ပြီး တဆင့် ဆက်လက်ဆောင်ရွက်ခြင်း လို့ အတိအလင်း ရေးသားထားပေမဲ့ အဲဒီ ဒုတိယအဆင့်ကို ဘယ်လို အကောင်အထည်ဖော် ဆောင်ရွက်သွားခဲ့တယ် ဆိုတာကိုတော့ ပြည်သူလူထုကို ပိုမိုတိကျပြီး ရှင်းလင်း အသိပေးခြင်း မရှိခဲ့တဲ့အပြင် ၎င်းတို့နဲ့ အပစ်ရပ်ထားတဲ့ အဖွဲ့အစည်းတွေကိုလည်း ပူးပေါင်း ဆောင်ရွက်ဖို့ တရားဝင် ဖိတ်ကြားခဲ့တာမျိုး မရှိခဲ့တဲ့အတွက် အဲဒီအဆင့် (၂) ရဲ့ ဖြစ်စဉ် (Process) ကို မသိနားမလည် ဖြစ်ခဲ့ရပါတယ်။
Full Story
ဘာကြောင့် သန်းရွှေ အိန္ဒိယ သွားသလဲ
Tuesday, 27 July 2010 17:32 စိုင်းအောင် .မြန်မာနအဖ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဂျူလိုင်လ ၂၅ ရက်မှ ၂၉ ရက်နေ့အထိ ၅ ရက်ကြာ ခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံ သို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံနယ်စပ်တစ်လျှောက် ခိုအောင်းလှုပ်ရှားနေသော အိန္ဒိယ အရှေ့မြောက် သူပုန်များအရေးနှင့် စီးပွားရေးကိစ္စများ ဆွေးနွေးဖွယ်ရှိကြောင်း အိန္ဒိယမှ လာသည့် သတင်းများက ဆိုသည်။
၂၀၀၄ ခုနှစ် အောက်တိုဘာလအတွင်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပထမဆုံးအကြိမ် အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့သေးပြီး အပြန်အလှန်အားဖြင့် အိန္ဒိယဘက်မှလည်း ၂၀၀၆ ခုနှစ် မတ်လတွင် သမ္မတ Dr. APJ Abdul Kalam ကိုယ်တိုင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။
Read all
တိုက်ပွဲ ဖြစ်ပွား၍ စစ်အစိုးရတပ်မှ ၂ ဦး ကျဆုံး၊ ၃ ဦး ဒဏ်ရာ
ကရင်နီပြည် ရှားတောမြို့နယ်တွင် မြန်မာစစ်အစိုးရတပ်နှင့် ကရင်နီတပ်မတော်တို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့၍ စစ်အစိုးရတပ်ဘက်မှ ၂ ဦး ကျဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ Azom
Subscribe to:
Posts (Atom)

