အသွင်ကူးပြောင်းရေး မအောင်မမြင်ဖြစ်ရခြင်းအပေါ် KIO နှင့် နီးစပ်သူ ဥပဒေပညာရှင်တဦး၏ လေ့လာသုံးသပ်တင်ပြချက် .
အင်္ဂါနေ့၊ အောက်တိုဘာလ 05 ရက် 2010 ခုနှစ် ဆောင်းပါး - ကချင် သတင်းဌာန .အသွင်ကူးပြောင်းရေး မအောင်မမြင်ဖြစ်ခဲ့ရတာဟာ နအဖ အစိုးရအပေါ်မှာ အဓိက တာဝန်ရှိတယ်လို့ သုံးသပ်မိပါတယ်။ ဘာလို့လည်း ဆိုတော့ စစ်အစိုးရရဲ့ လမ်းပြမြေပုံ (Road Map) အဆင့် (၇) ခုထဲက အဆင့် (၂) မှာ အမျိုးသားညီလာခံကြီးအောင်မြင်စွာ ကျင်းပ ပြီးစီးတဲ့အခါ စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဖြစ်ထွန်းရေးအတွက် လိုအပ်တဲ့ ဆောင်ရွက်ဖွယ်ရာ လုပ်ငန်းစဉ်တွေကိုတဆင့်ပြီး တဆင့် ဆက်လက်ဆောင်ရွက်ခြင်း လို့ အတိအလင်း ရေးသားထားပေမဲ့ အဲဒီ ဒုတိယအဆင့်ကို ဘယ်လို အကောင်အထည်ဖော် ဆောင်ရွက်သွားခဲ့တယ် ဆိုတာကိုတော့ ပြည်သူလူထုကို ပိုမိုတိကျပြီး ရှင်းလင်း အသိပေးခြင်း မရှိခဲ့တဲ့အပြင် ၎င်းတို့နဲ့ အပစ်ရပ်ထားတဲ့ အဖွဲ့အစည်းတွေကိုလည်း ပူးပေါင်း ဆောင်ရွက်ဖို့ တရားဝင် ဖိတ်ကြားခဲ့တာမျိုး မရှိခဲ့တဲ့အတွက် အဲဒီအဆင့် (၂) ရဲ့ ဖြစ်စဉ် (Process) ကို မသိနားမလည် ဖြစ်ခဲ့ရပါတယ်။
Full Story
ဘာကြောင့် သန်းရွှေ အိန္ဒိယ သွားသလဲ
Tuesday, 27 July 2010 17:32 စိုင်းအောင် .မြန်မာနအဖ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဂျူလိုင်လ ၂၅ ရက်မှ ၂၉ ရက်နေ့အထိ ၅ ရက်ကြာ ခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံ သို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံနယ်စပ်တစ်လျှောက် ခိုအောင်းလှုပ်ရှားနေသော အိန္ဒိယ အရှေ့မြောက် သူပုန်များအရေးနှင့် စီးပွားရေးကိစ္စများ ဆွေးနွေးဖွယ်ရှိကြောင်း အိန္ဒိယမှ လာသည့် သတင်းများက ဆိုသည်။
၂၀၀၄ ခုနှစ် အောက်တိုဘာလအတွင်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပထမဆုံးအကြိမ် အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့သေးပြီး အပြန်အလှန်အားဖြင့် အိန္ဒိယဘက်မှလည်း ၂၀၀၆ ခုနှစ် မတ်လတွင် သမ္မတ Dr. APJ Abdul Kalam ကိုယ်တိုင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။
Read all
တိုက်ပွဲ ဖြစ်ပွား၍ စစ်အစိုးရတပ်မှ ၂ ဦး ကျဆုံး၊ ၃ ဦး ဒဏ်ရာ
ကရင်နီပြည် ရှားတောမြို့နယ်တွင် မြန်မာစစ်အစိုးရတပ်နှင့် ကရင်နီတပ်မတော်တို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့၍ စစ်အစိုးရတပ်ဘက်မှ ၂ ဦး ကျဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ Azom

No comments:
Post a Comment