Thursday, November 28, 2019

ပြန်တင်ပြီ

ဘလောခ်တင်တာ ပြန်စပါတော့မယ်။
 ဘလောခ်ရေးတာ နှစ်နဲ့ချီနားထားခဲ့တာကနေ အခုချိန်ကစပြီးပြန်စလိုက်ပါပြီ။
Facebook ဘက်ရောက်သွားတော့ ဘလောခ်လိုင်းပြတ်သွားတာပါ။

အရင်တုန်းကတော့ ဇီုမီးလိုပဲ ရေးခဲ့ပါတယ်။

ဗမာလို မရေးဖြစ်ခဲ့ပါဘူး။

ကိုယ့်အဝန်းအဝိုင်းလောက်ကိုပဲပေါ့။

အခုတော့ အခြေအနေအချိန်အခါအရ မြန်မာလို စရေးနေပါပြီ။

မြန်မာနိင်ငံမှာ နှစ်ပေါင်း ၇၀ လောက် ဗမာစာကို ရုံးသုံးအဖြစ်သုံးခဲ့ကြတာဆိုတော့ Lingua Franca ဖြစ်နေပါပြီ။

နည်းနည်းပါးပါး ပွင့်လင်းလာတဲ့ အခြေအနေကို လိုက်ပြီး ကျန်တဲ့ ဘာသာစကားတွေကိုလည်း ပြုစုပျိုးထောင်လာနေကြဆဲ အခြေအနေပါ။

လိုပါသေးတယ်။

ဒါကြောင့် ဖြစ်ထွန်းတိုးတက်မှု၊ ဆုတ်ယုတ်မှုတွေကို အများသိရှိအောင် မြန်မာလို အချိန်တပြေးညီ Live Blogging လုပ်ဖို့ လိုအပ်နေပါတယ်။

ဒါကြောင့်မြန်မာလို စပြီး blogging လုပ်ပါတော့မယ်။



No comments:

Follow Blog on Facebook

Wal-Mart.com USA, LLC