October kha Laiza Mualgam khawmpi ( Laiza Summit) ah Kawlgam in thusun khat khak khol a, tua siksan in UNFC mualgam te'n Mualgam thusu'n khat bawl uh hi.
November 4 ni Myitkyina a Mualgam-Kawlgam kihona hun hong tung ciangin, Kawlgam te'n Laiza a akhak kholh uh Kawlgam thusu'n ahilo, anuaii a thusu'n thak khat lui thak uh ahihmanin, UNFC Mualgamte'n lamdang sa in, a sunga thutuunte a et uh ciangin pomtak salo uh ahihmanin kihona di'nkhawl hi.
December khasung UNFC mualgamte Karen gam khawpi Pha-an ah, anuai a Kawlgam thusu'n thak tawh kisai kikupna om phot ding hi. Tua khit bek ciang a Kawlgam tawh kiho kik ding cih thu om hi.
USDP တင်သွင်း ထားသည့် တပြည်လုံး အပစ်ရပ်ရေး စာချုပ် (မူကြမ်း)
| Uipi 2 leh Nahtehkung tuang Kawlgamte sealpi |
အစိုးရမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ထံသို့ ပေးပို့ ထားသည့် "တစ်နိုင်ငံလုံး အတိုင်းအတာ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘော တူညီချက် စာချုပ် (မူကြမ်း) အား စာသားဖြင့် ပြန်လည် ရိုက်နှိပ်ကာ တင်ပြ ပေးထား ပါသည်။
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်နှင့်လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်း များအကြား
တနိုင်ငံလုံး အတိုင်း အတာဖြင့်ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘော တူညီချက် စာချုပ်
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်နှင့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်း များအကြား ချုပ်ဆိုသည့် တနိုင်ငံလုံး အတိုင်း အတာဖြင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး၊ သဘော တူညီချက် စာချုပ်သည်၊ ယခင် ချုပ်ဆို ခဲ့သော တည်ဆဲ ဥပဒေနှင့် မဆန့် ကျင်သည့် သဘော တူညီချက် များအား အသိအမှတ် ပြုခြင်း၊ ပိုမို ခိုင်မာ စေခြင်းနှင့် ထပ်ဆင့် အတည် ပြုခြင်း ဖြစ်ပြီး အားလုံး ပါဝင်သော နိုင်ငံရေး ဆွေးနွေး မှုမှ တဆင့် တည်တံ့ ခိုင်မြဲသည့် ထာဝရ ငြိမ်းချမ်းရေးကို ဦးတည် ပါသည်။
နိဒါန်း
ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အချာ အာဏာ တည်တံ့ ခိုင်မြဲရေး ဟူသော ဦးတည်ချက် များကို အစဉ်တစိုက် စွဲမြဲစွာ ခံယူ စောင့်ထိန်း သွားကြရန် ဂတိပြုလျှက်၊
နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ် ခြင်းနှင့်၊ ညီမျှခြင်း တည်းဟူသော လောကပါလ တရားများ၊ ထွန်းကား စေလျှက် တိုင်းရင်းသား ပြည်သူ အများ ငြိမ်းချမ်း သာယာ ၀ပြောရေးကို တည်တံ့ ခိုင်မြဲအောင် စဉ်ဆက် မပြတ် ဆောင်ရွက် ထိန်းသိမ်း သွားကြရန် ဆန္ဒ ပြုလျှက်၊
နိုင်ငံတော် အတွင်း လူမျိုးရေး တန်းတူမှုဖြင့် စစ်မှန်သော မျိုးချစ် စိတ်ဓါတ် ဖြစ်သည့် ပြည်ထောင်စု စိတ်ဓါတ်ကို ခိုင်မြဲစွာ မွေးမြူလျှက်၊ ထာဝစဉ် စည်းလုံး ညီညွတ်စွာ အတူတကွ လက်တွဲ နေထိုင် သွားကြ မည်ဟု ခိုင်မာစွာ ဆုံးဖြတ်လျှက်၊
လက်ရှိ ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများနှင့် အကြမ်းဖက် မှုများ အဆုံးသတ် နိုင်ရေး အတွက် တည်ဆဲ ဥပဒေ များနှင့် မဆန့်ကျင်ဘဲ အပစ်အခတ် ရပ်စဲခြင်း မှတဆင့် ငြိမ်းချမ်း၍ အပြုသဘော ဆောင်သော နည်းလမ်း များဖြင့် ဆောင်ရွက် သွားကြ မည်ဟု ယုံကြည်လျှက်၊
ပြည်ထောင်စု အတွင်း မှီတင်း နေထိုင် ကြသော နိုင်ငံသား အားလုံးကို ထိခိုက် နစ်နာခြင်းများ၊ လုံခြုံမှု ကင်းမဲ့ ခြင်းများနှင့် စိုးရိမ် ထိတ်လန့် ခြင်းများ ဖြစ်ပေါ် ခံစား စေခဲ့သည့် လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ် ရန်နှင့် အတိတ် ဖြစ်ရပ် များအပေါ် တဦးနှင့် တဦး အပြစ် မတင်ဘဲ နားလည် မှုဖြင့် ယုံကြည်မှု တည်ဆောက်ကာ ငြိမ်းချမ်းရေး အဖြေများကို ရှာဖွေရန် သက်ဆိုင် သူများ အားလုံး ပါဝင် ဆောင်ရွက်သည့် ဆွေးနွေးပွဲ လုပ်ငန်းစဉ် များကို ဖေါ်ဆောင် သွားကြရန် ဆန္ဒပြုလျှက်၊
ထာဝရ ငြိမ်းချမ်းရေး ရရှိ ရန်နှင့် စုစည်း ညီညွတ်သော ပြည်ထောင်စုကို အခြေခံ၍ တည်ငြိမ် အေးချမ်း မှုမှသည် ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်အား တည်ဆောက် သွားကြရန် ရှေးရှုလျှက်၊
တိုင်းရင်းသား အားလုံး အပြန် အလှန် လေးစား ယုံကြည် မှုနှင့် အတူ ဂုဏ်သိက္ခာ ရှိသော ပြည်ထောင် စုကြီး တခု ဖြစ်ပေါ် လာစေရန် ပင်လုံ စိတ်ဓါတ်ကို အခြေခံသော ပြည်ထောင်စု စိတ်ဓါတ်ဖြင့် စုပေါင်း တည်ဆောက် သွားကြ မည်ဟု ယုံကြည်လျှက်၊
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အတွင်းရှိ တိုင်းရင်းသား များ၏ မတူ ကွဲပြားသော ၀ိသေသ လက္ခဏာများ လူတဦး တယောက်ချင်း စီ၏ ဂုဏ်သိက္ခာ များကို တန်ဘိုးထား အသိအမှတ် ပြု၍ တိုင်းရင်းသား အားလုံး၏ သမိုင်း အစဉ်အလာ၊ ယဉ်ကျေးမှု၊ ဘာသာ စကား၊ စာပေနှင့် ၀ိသေသ လက္ခဏာ များကို ဖေါ်ဆောင် နိုင်သည့် အမျိုးသားရေး ၀ိသေသ လက္ခဏာကို ကြိုးစား အကောင် အထည်ဖေါ် ဆောင်ရွက် သွားကြ မည်ဟု ဆုံးဖြတ် ကြလျှက်၊
ကျွန်ုပ်တို့ အားလုံး လိုလား တောင့်တလျှက် ရှိသော ထာဝရ ငြိမ်းချမ်းရေး ရရှိရန် အတွက် ဤသဘော တူညီချက်ပါ အချက်များ အားလုံးကို မဖြစ်မနေ အကောင် အထည်ဖေါ် ဆောင်ရွက် သွားရန် သန္နိဌာန် ပြုလျှက် ကျွန်ုပ်တို့ အားလုံးက လက်ခံ ယုံကြည် ကြ၍ အောက်တွင် ဖေါ်ပြ ထားချက် များအတိုင်း သဘော တူညီ ကြပါသည်။
အခန်း (၁)
ဦးတည်ချက်နှင့် ရည်ရွယ်ချက်များ
၁။ အောက်ပါအတိုင်း ချမှတ်သည်-
(က) အပစ်အခတ် ရပ်စဲခြင်းကို ခြွင်းချက် မရှိ လက်ခံ ဆောင်ရွက်ပြီး နှစ်ဖက် သဘော တူညီ ထားသည့် ထာဝရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှင့်အညီ နိုင်ငံရေး ဆွေးနွေးပွဲ ပြုလုပ်ရန်။
(ခ) အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ အကောင်အထည် ဖော်မှု များနှင့် သတ်မှတ် ထားသည့် ကျင့်ဝတ် စည်းကမ်း များအား လိုက်နာမှု အပေါ် စောင့်ကြည့် စစ်ဆေး ခြင်းနှင့် ဖြစ်ပေါ် လာသည့် ပြသနာ များကို ဖြေရှင်း ပေးရန် အတွက် အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မီတီကို ဖွဲ့စည်းရန်။
(ဂ) အပစ်ရပ် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်း ၀င်များ၊ သတ်မှတ် နယ်မြေ ပြင်ပတွင် လက်နက် ကိုင်ဆောင်ခြင်း မပြုဘဲ သွားလာခွင့် အတွက် အာမခံချက် ပေးရန်။
အခန်း(၂)
နိုင်ငံတော်၏ တာဝန်များ
၂။ အောက်ပါ အတိုင်း လိုက်နာ ဆောင်ရွက်ရန် သဘော တူညီသည် -
(က) နိုင်ငံတော် ကာကွယ်ရေး တာဝန် ထမ်းဆောင် နေသည့် တပ်မတော်၏ ကွပ်ကဲမှု အောက်ရှိ တပ်ဖွဲ့များ အတွက် လိုအပ်သော အုပ်ချုပ် ထောက်ပံ့ ရေးနှင့် တပ်လဲလှယ်ရေး တို့မှ အပ အခြား စစ်ဆင်ရေး လှုပ်ရှား မှုများ မပြု လုပ်ရန်။
(ခ) နိုင်ငံတော် ကာကွယ်ရေးနှင့် နယ်မြေ လုံခြုံရေး လိုအပ်ချက် အရ မဟုတ်သည့် တိုက်ခိုက်ရေး တပ်အင်အား တိုးချဲ့ ဖြည့်တင်း ခြင်းများ အပါအ၀င် စစ်သုံး လက်နက် ခဲယမ်း မီးကျောက် ဆိုင်ရာ ရွှေ့ပြောင်းမှု ပြုခြင်း တို့ကို မပြု လုပ်ရန်နှင့် လိုအပ် ပါက သက်ဆိုင်ရာ ကန့်သတ် နယ်မြေ ဒေသ အတွင်း ကြိုတင် ညှိနှိုင်း သဘော တူညီ ချက်ဖြင့် ဆောင်ရွက် စေရန်။
(ဂ) အပစ်ရပ် နယ်မြေ အတွင်း တရားဥပဒေ စိုးမိုးရေး အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တာဝန်ယူ ဆောင်ရွက်ရန်။
(ဃ) အပစ်ရပ် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်း များ၏ သက်သာချောင်ချိရေးနှင့် အုပ်ချုပ်မှု ကိစ္စရပ် များကို ကူညီ ဖြည့်ဆည်း သွားမည်။
(င) တပ်မတော် ကွပ်ကဲမှု အောက်ရှိ လက်နက်ကိုင် တပ်ဖွဲ့ များသည် အပစ်ရပ် နယ်မြေ များသို့ သွားလာရန် လိုအပ် လာပါက အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မီတီ၏ ခွင့်ပြုချက် ရယူ၍ သွားလာရန်။
(စ) နိုင်ငံတော် အတွင်းရှိ လူလုပ်နှင့် သဘာဝ ဘေးအန္တရာယ် များကြောင့် ပြည်တွင်း နေရပ် ရွှေ့ပြောင်း နေထိုင် သူများ (IDP) များ အတွက် နိုင်ငံတော်တွင် ၀တ္တရား ရှိသည်နှင့် အညီ ၄င်းတို့အား အကာ အကွယ် ပေးရန်နှင့် လူသားချင်း စာနာထောက်ထားသည့် ကူညီ ပံ့ပိုးမှုများ ထောက်ပံ့ ပေးရန်။
အခန်း(၃)
အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ၏ တာဝန်များ
၃။ အောက်ပါ အတိုင်း လိုက်နာ ဆောင်ရွက်ရန် သဘော တူသည် -
(က) တပ်စခန်း အသစ်များ တည်ဆောက်ခြင်း၊ တပ်ဖွဲ့ဝင် သစ်များ စုဆောင်းခြင်း၊ လက်နက် ခဲယမ်း မီးကျောက်များ ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ခြင်း၊ လွှဲပြောင်း ခြင်းနှင့် စုဆောင်းခြင်း တို့အား မပြု လုပ်ရန်။
(ခ) လက်မှတ် ရေးထိုးစဉ် ကာလရှိ တပ်အင်အားနှင့် လက်နက် ခဲယမ်း ဖွဲ့စည်းပုံ တို့ကို အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မီတီသို့ ပေးပို့ရန်။
(ဂ) ဥပဒေ တရပ်ရပ်ကို ချိုးဖေါက်သည့် ပြစ်မှု ကျူးလွန် သူကို တည်ဆဲ ဥပဒေ နှင့်အညီသာ တရား စွဲဆို အရေးယူ ဆောင်ရွက် ရန်နှင့် ဥပဒေမဲ့ လုပ်ဆောင်မှု မပြု လုပ်ရန်။
(ဃ) ပြည်သူ လူထုကို ၀န်ထုပ် ၀န်ပိုး ဖြစ်စေ နိုင်သည့် ငွေကြေးနှင့် ၀န်ဆောင် မှုများ တောင်းဆိုမှု မပြုလုပ်ရန်။
(င) အပစ်ရပ် နယ်မြေ အတွင်း နယ်ဖက် အုပ်ချုပ်ရေး ကိစ္စရပ် များတွင် ဥပဒေ နှင့်အညီ ပါဝင် ပူးပေါင်း ဆောင်ရွက်ရန်။
(စ) တပ်နေရာ ချထားရန်၊ သဘော တူညီသော နေရာ များမှ အပ လက်နက်ဖြင့် လှုပ်ရှား သွားလာမှု မပြု လုပ်ရန်။
(ဆ) အပစ်ရပ် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ဝင် များသည် လက်နက် ကိုင်ဆောင်ခြင်း မပြုဘဲ နိုင်ငံတော် လုံခြုံရေး အတွက် ကန့်သတ် ထားသော နေရာ မှအပ လွတ်လပ်စွာ သွားလာ ခွင့်ကို အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မီတီ၏ ခွင့်ပြုချက် ရယူ၍ သွားလာရန်။
(ဇ) နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန် ထမ်းဆောင် နေသော တပ်မတော် ကွပ်ကဲမှု အောက်ရှိ တပ်စခန်း များနှင့် တပ်ဖွဲ့ဝင် များအား မည်သည့် အကြောင်းပြချက် နှင့်မျှ တိုက်ခိုက်ခြင်း၊ နှောင့်ယှက် ပစ်ခတ်ခြင်း၊ မိုင်းထောင်ခြင်း မပြု လုပ်ရန်။
(ဈ) လူလုပ်နှင့် သဘာဝ ဘေးအန္တရာယ် များကြောင့် ပြည်တွင်း နေရပ် ရွှေ့ပြောင်း နေထိုင် ကြသူများ (IDP) များနှင့် စပ်လှဉ်း၍ နိုင်ငံ တကာနှင့် ပြည်တွင်း အစိုးရ မဟုတ်သော အဖွဲ့အစည်း များနှင့် ဆက်သွယ် ဆောင်ရွက် ရာတွင် နိုင်ငံတော်၏ တည်ဆဲ ဥပဒေများ နိုင်ငံ တော်၏ မူဝါဒ များနှင့် အညီသာ ဆောင်ရွက် ရန်နှင့် နိုင်ငံတော်မှ IDP များအား အကာအကွယ် ပေးခြင်းနှင့် လူသားချင်း စာနာ ထောက်ထားသည့် ကူညီ ပံ့ပိုးမှုများ ထောက်ပံ့ ပေးခြင်း တို့ကို ဆောင်ရွက် ပေးရာတွင် နိုင်ငံတော်နှင့် လက်တွဲ ဆောင်ရွက်ရန်။
အခန်း(၄)
နိုင်ငံတော်နှင့် အပစ်ရပ် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတို့ နှစ်ဖက် လိုက်နာ ရမည့် အဖွဲ့အစည်းများ
၎။ အောက်ပါ အတိုင်း လိုက်နာ ဆောင်ရွက်ရန် သဘော တူသည်-
(က) ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြို ကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေးနှင့် ဒီမိုကရေစီ ကျင့်စဉ်ကို လိုက်နာရန်။
(ခ) အပစ်ရပ် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်း များ၏ နယ်မြေ သတ်မှတ် ခြင်းအား ညှိနှိုင်း ဆောင်ရွက်ရန်။
(ဂ) အပစ်ရပ် နယ်မြေ အတွင်းရှိ ပြည်သူ လူထု၏ လူမှုဘ၀ လုံခြုံရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး တို့အတွက် ပူးပေါင်း ဆောင်ရွက်ရန်။
(ဃ) ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ နိုင်ငံတော် ကာကွယ်ရေးနှင့် သက်ဆိုင်သော ပြဌာန်းချက် များကို လေးစား လိုက်နာရန်။
(င) အပစ်ရပ် နယ်မြေ အတွင်းရှိ ပြည်သူများအား၊ အဓမ္မ နေရပ် စွန့်ခွာ ပြောင်းရွှေ့ခြင်း မပြုလုပ်ရန်။
(စ) ထာဝရ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်အား ထိခိုက် စေမည့် အပြုအမူ ၊ အပြောအဆို၊ သတင်း ဖြန့်ချီမှု အလားတူ သက်ရောက်မှု ရှိသော အခြား မည်သည့် ဆောင်ရွက်မှု ကိုမှ ပြည်တွင်း တွင်သော် လည်းကောင်း၊ ပြည်ပ တွင်သော် လည်းကောင်း၊ မပြု လုပ်ရန်။
(ဆ) အပစ် အခတ် ရပ်စဲခြင်း သဘော တူညီချက် များကို လက်အောက်ရှိ တပ်ဖွဲ့ဝင် များနှင့် အများ ပြည်သူ သိရှိ နိုင်ရေး ထုတ်ပြန် ကြေညာရန်။
(ဇ) အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မီတီ၏ လုပ်ငန်းစဉ် များတွင် ပူးပေါင်း ကူညီ ဆောင်ရွက်ရန်။
(ဈ) နှစ်ဖက် တိုက်ရိုက် ထိတွေ့ ရင်ဆိုင်မှု ရှိသော နေရာများ၊ နီးကပ်စွာ ရှိသော နေရာများ တို့တွင် တိုက်ခိုက်မှု မရှိ စေရေး၊ ရေဒီယို ဆက်သွယ်မှု အပါအ၀င် အခြားသော ဆက်သွယ်မှု နည်းလမ်း များဖြင့် ချက်ချင်း ဆောင်ရွက်ရန်။
(ည) အပစ်ရပ် နယ်မြေ အတွင်း နယ်ဖက် ၀န်ထမ်းများ၊ ပြည်သူ များ၏ လွတ်လပ်စွာ သွားလာ ခြင်းနှင့် လွတ်လပ်စွာ ကူးသန်း ရောင်းဝယ် ခြင်းကို အကူအညီ ပေးရန်။
(ဋ) ဘာသာရေး အဆောက်အဦး စာသင်ကျောင်း၊ ဆေးရုံနှင့် ဆေးခန်း များတွင် ခေတ္တ ၀င်ရောက် နားနေခြင်း မှအပ စစ်ရေး ဆိုင်ရာ တပ်စခန်း ချခြင်း မပြု လုပ်ရန်။
(ဌ) နှစ်ဖက် တပ်များသည် ခင်းကျင်း ထားသော မိုင်းများကို ရှင်းလင်း ရန်နှင့် မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ် များ ကို ပူးပေါင်း ဆောင်ရွက်ရန်။
အခန်း(၅)
ဆက်ဆံရေး ရုံးများ ဖွင့်လှစ်ခြင်း
၅။ လုပ်ငန်းများ အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက် နိုင်ရန် အတွက် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး သဘော တူညီ ချက်တွင် သတ်မှတ် ထားသည့် နယ်မြေ များအတွင်း ဆက်ဆံရေး ရုံးများ ဖွင့်လှစ် သွားရန် သဘော တူသည်။
ဆက်ဆံရေး ရုံးများတွင် ထားရှိမည့် ဆက်ဆံရေး အရာရှိ များသည် ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်း စဉ်များ ကျွှမ်းကျင်စွာ ဆောင်ရွက် နိုင်ရေး အတွက် ပူးတွဲလေ့ကျင့် သင်ကြား ရေးများ ဆောင်ရွက်ရန် သဘောတူသည်။
အခန်း(၆)
လူသားချင်း စာနာ ထောက်ထားမှု အကူအညီ ပေးရန် အခွင့်အလမ်း
ပြည်တွင်း နေရပ် ရွှေ့ပြောင်း နေထိုင် ကြသူများနှင့် စပ်လျဉ်း၍ လူသားချင်း စာနာ ထောက်ထားသော အကူအညီ ပေးeရး လုပ်ငန်းစဉ် များတွင် ပူးပေါင်း ဆောင်ရွက်ရန် သဘော တူညီသည်။
ပြည်တွင်း နေရပ် ရွှေ့ပြောင်း နေထိုင် ကြသူ များကို ပြန်လည် နေရာ ချထားရေး လုပ်ငန်းစဉ် များတွင် ပူးပေါင်း ဆောင်ရွက်ရန် သဘော တူညီသည်။
အခန်း(၇)
လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ခြင်း
လူ့အခွင့် အရေး ဆိုင်ရာ မြှင့်တင်ရေးနှင့် ကာကွယ်ရေးကို လေးစား လိုက်နာရန် သဘော တူသည်။
အမျိုးသမီး များနှင့် ကလေး သူငယ်များအား ကာကွယ် စောင့်ရှောက်ရန် အခွင့်အရေး မြှင့်တင် ပေးရန် တို့ကို နိုင်ငံတကာ သဘော တူညီမှု များနှင့် အညီ လေးစား လိုက်နာရန် သဘော တူညီသည်။
အခန်း(၈)
ပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မီတီ
၁၁။ နှစ်ဦး နှစ်ဖက် လက်မှတ် ရေးထိုး ထားသော ဤသဘော တူညီချက်အား လိုက်နာ နိုင်ရေး အတွက် ညှိနှိုင်း ဆောင်ရွက် ပေးရန် အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မီတီကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ အဖွဲ့ ၀င်များ၊ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်း များမှ ကိုယ်စားလှယ် များနှင့် အများ ယုံကြည် လေးစားသော ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်း တာဝန် ပေးရန် သဘော တူညီသည်။
၁၂။ ကော်မီတီ၏ လုပ်ငန်း တာဝန် များမှာ အောက်ပါ အတိုင်း ဖြစ်သည် -
(က) အပစ်အခတ် ရပ်စဲရေး အကောင်အထည် ဖေါ်ရေး ဆိုင်ရာ လုပ်ထုံး လုပ်နည်း စံသတ်မှတ် ချက်များ ရေးဆွဲ အကောင်အထည် ဖေါ်ရန်။
(ခ) တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့၏ လုပ်ငန်း တာဝန် များနှင့် ဆက်ဆံရေး ရုံးများ၏ ဆောင်ရွက် ချက်များကို ကြီးကြပ် ရန်နှင့် ကူညီရန်။
(ဂ) မိမိ၏ လုပ်ငန်း ဆောင်ရွက်ချက် များကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ မှတဆင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ဗဟို ကော်မီတီသို့ တင်ပြရန်။
(ဃ) အပစ်အခတ် ရပ်စဲရေး အကောင် အထည် ဖေါ်ရာတွင် ဤသဘော တူညီချက်အား အနက် အဓိပ္ပါယ် ဖွင့်ဆို ခြင်းနှင့် ဖြစ်ပေါ် လာသည့် အငြင်းပွား မှုများကို ဖြေရှင်း ပေးရန်။
(င) လူလုပ်နှင့် သဘာဝ ဘေးအန္တရာယ် များကြောင့် ပြည်တွင်း ရွှေ့ပြောင်း နေထိုင်ကြသူများ၊ (IDP) များနှင့် ပဋိပက္ခဒဏ် ခံစား ရသူ များအား အခြေခံ လူသားချင်း စာနာသည့် အထောက် အပံ့များ ပေးအပ် မှုကို ညှိနှိုင်း ဆောင်ရွက် ပေးရန်နှင့် စောင့်ကြည့် စစ်ဆေးရန်။
၁၃။ ကော်မီတီ အနေဖြင့် ဆုံးဖြတ် ချက်များ မချ နိုင်သည့် ကိစ္စရပ်များ ရှိလာ ပါက ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ မှတဆင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ဗဟို ကော်မီတီသို့ တင်ပြ၍ အဆုံးအဖြတ် ခံယူ ရမည်။
၁၄။ ကော်မီတီသည် ပေးအပ်သော တာဝန်များကို အကောင် အထည်ဖေါ် ဆောင်ရွက် နိုင်ရေး အတွက် လိုအပ်သည့် သတင်း အချက် အလက် များကို နိုင်ငံတော် လုံခြုံရေး အတွက် ကန့်သတ် ထားသည့် ကိစ္စ များမှ အပ တောင်းခံ ရယူခွင့် ရှိသည်။
အခန်း(၉)
နိုင်ငံရေး ဆွေးနွေး ပွဲများ ကျင်းပခြင်း
၁၅။ တိုင်းရင်းသား လူမျိုးများ အကြား၊ တန်းတူ ညီမျှမှု ရှိရေး၊ နိုင်ငံရေးနှင့် ဒေသ ဖွံ့ဖြိုးရေး ကိစ္စ များကို လိုအပ်သော ကော်မီတီများ ဖွဲ့စည်းပြီး၊ နိုင်ငံရေး ဆွေးနွေးပွဲ များတွင် ဆွေးနွေး အဖြေရှာရန် သဘော တူညီသည်။
၁၆။ ဤသဘော တူညီချက် လက်မှတ် ရေးထိုး ပြီးချိန်မှ (၂) လ အတွင်း ပြည်ထောင်စု လွှတ်တော်၏ သဘော တူညီ ချက်ဖြင့် နိုင်ငံရေး ဆွေးနွေးမှု စတင် ဆောင်ရွက်ရန် သဘော တူသည်။
အခန်း(၁၀)
နောက်ဆက်တွဲ ပါဝင် လက်မှတ် ရေးထိုးခွင့်
၁၇။ ဤသဘော တူညီ ချက်အား ပါဝင် လက်မှတ် မထိုးနိုင် သေးသည့် (သို့မဟုတ်)လက်မှတ် ရေးထိုးရန် အဆင်သင့် မဖြစ် သေးသည့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ အစည်း များအား ၄င်းတို့ အဆင်သင့် ဖြစ်သည့် အချိန်တွင် လက်မှတ် ရေးထိုးခွင့်ပြုရန် သဘော တူညီသည်။
အခန်း (၁၁)
ပြည်ထောင်စု လွှတ်တော်၌ အတည် ပြုခြင်း
၁၈။ ဤသဘော တူညီချက် လက်မှတ် ရေးထိုး ပြီးချိန်တွင် ဆောင်ရွက် ပြီးခဲ့သည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဆင့်နှင့် ပြည်ထောင်စု အဆင့် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် များကို ပြည်ထောင်စု အစိုးရမှ တဆင့် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြ၍ အတည်ပြုချက် ရယူရန် သဘော တူညီသည်။
၁၉။ ဤသဘော တူညီချက်အား လက်မှတ် ရေးထိုး ပြီးပါက အနီးကပ်ဆုံး ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်း အဝေးသို့ ပြည်ထောင်စု အစိုးရ မှတဆင့် တင်ပြ၍ အတည် ပြုချက် ရယူရန် သဘော တူညီသည်။
အခန်း(၁၃)
အထွေထွေ
၂၀။ ဤအပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ဆောင်ရွက် မှုနှင့် စပ်လျဉ်း၍ မည်သည့် ပုဂ္ဂိုလ် အဖွဲ့အစည်း ကိုမျှ တည်ဆဲ ဥပဒေ တရပ်ရပ် အရ အရေး ယူခြင်း မပြုရန် သဘော တူညီသည်။
၂၁။ ဤသဘော တူညီချက် စာချုပ်ကို လက်မှတ် ရေးထိုး ပြီးချိန်မှ စ၍ မတရား အသင်း အက်ဥပဒေ အရ အရေးယူ ခံထား ရသူ များအပေါ် ဖြေလျှော့ ပေးရေး ဆောင်ရွက် ပေးရန် သဘော တူညီသည်။
၂၂။ ဤသဘော တူညီချက် စာချုပ်ကို မြန်မာ ဘာသာဖြင့် ရေးသား ချုပ်ဆိုပြီး အင်္ဂလိပ် ဘာသာသို့ ရေးသား ပြန်ဆို ရမည်။ မြန်မာ ဘာသာနှင့် အင်္ဂလိပ် ဘာသာတို့ တရားဝင် အတည် ဖြစ်မှုသည် တူညီ သော်လည်း စကားရပ် များနှင့် စပ်လျဉ်း၍ အငြင်း ပွားမှုများ ပေါ်ပေါက် လာပါက မြန်မာ ဘာသာဖြင့် ရေးသား ထားသော စကားရပ် များအတိုင်းသာ အတည် ဖြစ်ကြောင်း သဘော တူညီသည်။
၂၃။ ဤသဘော တူညီချက် စာချုပ်ပါ စည်းကမ်းများကို ချိုးဖေါက်မှု တစုံတရာ ရှိခဲ့ ပါက အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မီတီ၏ ဆုံးဖြတ် ချက်အား လိုက်နာရန် သဘော တူညီသည်။
အခန်း(၁၃)
သဘော တူညီချက် စာချုပ် အကျိုး သက်ရောက်ခြင်း
၂၄။ ဤသဘော တူညီချက်ကို နှစ်ဦး နှစ်ဖက် လက်မှတ် ရေးထိုး ပြီးသည့် နေ့ရက်တွင် စတင် အကျိုး သက်ရောက်မှု ရှိကြောင်း သဘော တူညီသည်။
အခန်း(၁၄)
သဘော တူညီချက် စာချုပ် လက်မှတ် ရေးထိုးခြင်း
၂၅။ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်နှင့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်း များအကြား ချုပ်ဆိုသည့် ဤအပစ်အခတ် ရပ်စဲရေး သဘော တူညီချက် စာချုပ်ကို ၂၀၁၃ ခုနှစ် ၊ ---- လ ----- ရက်နေ့တွင် နှစ်ဦး နှစ်ဖက်မှ အောက်ပါ အတိုင်း လက်မှတ် ရေးထိုး ကြပါသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများ
xxxxxxxxxxxxxxxxxxxxxxx xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
No comments:
Post a Comment